Introduction of ETN Myanmar (About ASU Myanmar)

Envision The Nations (ETN) သည် မြန်မာပြည်၌ ပညာရေးဝန်ဆောင်မှု အမျိုးမျိုးပေးရန်အတွက်ရည်ရွယ်ကာ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပညာရေးဆိုင်ရာ အကြံပေးမှုများနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ Envision Vocational Training Institute အား ၂၀၁၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအချိန်မှာ နိုင်ငံတကာတွင် ပညာသင်ယူရန် ပြင်ဆင်နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် Overseas Education Services လုပ်ငန်းခွဲကို ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ Envision The Nations (ETN) သည် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက ASU Myanmar အမည်ဖြင့် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ ASU Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review အကောင်းဆုံး တက္ကသိုလ်များစာရင်း၌ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းတွင် ၁၁ နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် ASU မှာ မြန်မာပြည်မှ ကျောင်းသူကျောင်းသားများကို အမေရိကန်ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) ဖြင့် တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ETN နှင့် YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။