ASU-Myanmar သည် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ ASU Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review ၏ အကောင်းဆုံး တက္ကသိုလ်များစာရင်း၌ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းတွင် ၁၁ နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများကို အမေရိကန်ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) ဖြင့် တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ASU-Myanmar နှင့် YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံသည် ASU Global Program တွင် 2020 ခုနှစ်မှစတင်ကာ ပါဝင်ခွင့် ရရှိခဲ့သည်။