Tuition, Residence Halls and Meal Plans

ကျောင်းလခ

ASU ကို ASU-Myanmar မှတစ်ဆင့် လျှောက်ထားလျှင် D ASU Global Program တွင် ပါဝင်ခွင့်ရကာ In-State Tuition Fees နဲ့ တက်ခွင့်ရပါမည်။ (ယင်းမှာ International Tuition Fees ၏ 40 % သာ ပေးရသည့် သဘောပင်။) ယင်း fees မှာ 4 နှစ်စာလုံးအတွက် ရပါမည်။ 1 credit ကို $187.30 ဖြစ်ပြီး semester တိုင်းတွင် စာကြည့်တိုက်၊ အားကစား အပါအဝင် ကျောင်းနှင့်ပတ်သက်သော အထွေထွေ fees $616.25 ကိုပါ ကျောင်းလခထဲတွင် ပေါင်းထည့်ထားရာ တစ်နှစ်အတွက် ကျောင်းလခမှာ $9,310 ဖြစ်သည်။

ယေဘုယျအားဖြင့် ကျောင်းလခနှင့် အဆောင်လခများကို semester မစတင်မီ ပေးသွင်းရမည်ဖြစ်သည်။  ပထမဆုံးရောက်သွားသည့် semester အတွက်မူ ကျောင်းသား ASU သို့ရောက်ရှိပြီး ဘဏ်အကောင့်ဖွင့်ရပါမည်။ မိဘများအနေဖြင့် ကျောင်းသား၏ US ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးပြီးနောက် ကျောင်းလခပေးသွင်းမှုကို ဆက်လက်လုပ်ဆောင်ရပါမည်။

ကျောင်းသားဆောင် (Residence Halls)

နိုင်ငံတကာမှ ကျောင်းသားများသည် ကျောင်းဝင်းထဲမှ အဆောင်များတွင် နေလို့ရပြီး နေစရိတ်၊ စားစရိတ်မှာ အခြား State များထက် သက်သာပါသည်။ တက္ကသိုလ်ထဲတွင်ရှိသော ကျောင်းသားဆောင်များသည် အမေရိကန် တစ်နိုင်ငံလုံးမှာပင် အကောင်းဆုံးစာရင်းဝင်ပါသည်။ ထို့ပြင် ASU တက္ကသိုလ်ဝင်းသည် လုံခြုံမှုလည်း အပြည့်ရှိသည်။ တက္ကသိုလ် စတင်တည်ထောင်သည့်အချိန်မှစ၍ ယနေ့အထိ တက္ကသိုလ်ပရဝုဏ်ထဲတွင် မည်သည့်ဒုစရိုက်မှုမျှ မဖြစ်ဖူးပါ။ ကျောင်းတွင်းလုံခြုံရေးရဲများ အချိန်ပြည့်ချထားသည့် တက္ကသိုလ်ကြီး ဖြစ်ပါသည်။

ကျောင်းသားဆောင် လျှောက်ထားခ Non-Refundable Application Fee – $100 ရှိပါသည်။ တစ်ဦးမှ လေးဦးအထိ နေနိုင်သော အဆောင်အမျိုးမျိုးနှင့် ၎င်းတို့၏ နှုန်းထားများကို စိစစ်ကာ မိမိနှစ်သက်ရာကို လျှောက်ထားနိုင်ပါသည်။

2022-23 အဆောင်နှုန်းထားများ (ကျောင်းသားတစ်ဦးစာ) အသေးစိပ်သိလိုလျှင် ဤနေရာတွင် ကြည့်ရှုပါ။

နွေရာသီကျောင်းပိတ်ရက်(မေလ-ဩဂုတ်လ)တွင် အဆောင်နှုန်းထား သက်သာစွာပေးရပါသည်။ Summer Courses များလည်းရှိရာ တက်ရောက်သည့်ကျောင်းသားများအနေဖြင့် Free Summer dormitory အလိုရှိပါက သတ်မှတ်ချက်နှင့် ပြည့်စုံလျှင် လျှောက်ထားနိုင်သည်။ သတ်မှတ်ချက်မှာ summer semester တွင် အနည်းဆုံး 6 credits ယူရမည်ဖြစ်ပြီး GPA အနည်းဆုံး 2.0 ရှိရပါမည်။ နေရာ အကန့်အသတ်ရှိသောကြောင့် ဦးရာလူစနစ်ဖြစ်ပါသည်။ ဆောင်းရာသီကျောင်းပိတ်ရက်(ဒီဇင်ဘာလ-ဇန်နဝါရီလ)တွင်မူ အဆောင်တွင် အခမဲ့ နေထိုင်ခွင့်ရပါသည်။

မိန်းကလေးဆောင်၊ ယောကျ်ားလေးလေးဆောင် ဟူ၍ မရှိပါ။ သို့သော် အခန်းတစ်ခုအတွင်းတွင်တော့ မိန်းကလေးချည်း၊ ယောက်ျားလေးချည်းသာ နေရာချထားပေးပါသည်။ အဆောင်စည်းကမ်းများမှာလည်း တင်းကျပ်လှပြီး ကျောင်းသားကျောင်းသူများအနေဖြင့် မိမိကိုယ်ကို တာဝန်ယူကြရပါသည်။ အတွေ့အကြုံရှိသော ယုံကြည်စိတ်ချနိုင်သည့် အဆောင်မှုးများလည်း ရှိပါသည်။

အစားအသောက်

ကျောင်းသားဆောင် တစ်ဆောင်(Vanderventer Apartments)သာ မီးဖိုချောင်ပါပြီး ပထမနှစ်ကျောင်းသားများလည်း လျှောက်ထားခွင့်မရှိပါ။ ကျန်အဆောင်များတွင် နေထိုင်သော ကျောင်းသားများ ကျောင်းရှိ cafeteria တွင်သာ စားသောက်နိုင်ပါသည်။

 

ရွေးချယ်နိုင်သော Meal Plan များ (2022-23 Rates)

Gold Unlimited (ပထမနှစ်တွင် တက်ရောက်နေသော အဆောင်နေ ကျောင်းသားသစ်များသည် ဤ Plan ကိုသာ ဝယ်ယူခွင့်ရှိသည်။ မိမိအတွက်သာ အသုံးပြုနိုင်မှာဖြစ်ပြီး cafeteria ဖွင့်အချိန်အတွင်း အရေအတွက် အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။ Semester တစ်ခုအတွက် $1,920, တစ်နှစ်စာ $3,840)

Gold 240 (semester တစ်ခုအတွင်းတွင် 240 meals ခွင့်ပြုထားသည်။ တစ်ရက်လျှင် 3 meals ထက်မပိုရပါ။ Semester တစ်ခုအတွက် $1,820, တစ်နှစ်စာ $3,640)

Blue 120 & Blue 80 (Blue Plans များမှာ ကျောင်းဆောင်မနေသော ကျောင်းသားများအတွက် ဖြစ်ပြီး ဧည့်သည်များအတွက်လည်း အသုံးပြုနိုင်သည်။ တစ်နှစ်အတွင်း မည်သည့်အချိန်မဆို အသုံးပြုနိုင်သော meal အရေအတွက်ဖြင့် သတ်မှတ်ထားပါသည်။ Blue 120 မှာ Semester တစ်ခုအတွက် $950, တစ်နှစ်စာ $1,900 ဖြစ်ပြီး Blue 80 မှာ Semester တစ်ခုအတွက် $660, တစ်နှစ်စာ $1,320 ဖြစ်သည်။ nonrefundable ဖြစ်ပါသည်။)

တစ်နှစ်အတွက် ခန့်မှန်းကုန်ကျစရိတ်

ကျောင်းလခ                                      $9,310
အဆောင်/စားစရိတ်(ခန့်မှန်း)           $10,520
စာအုပ်နှင့် စာရွက်စာတမ်းများ            $1,200
ကိုယ်ရေးကိုယ်တာအသုံးစရိတ်          $1,740
အာမခံ (နှစ်စဉ်)                                  $3,123
စုစုပေါင်း                                         $25,893

ကျောင်းလခမှာ 1 နှစ်လျှင် 30 Credits ကိုအခြေခံထားပြီး အဆောင်စရိတ်နှင့် စားစရိတ်မှာ မိမိရွေးချယ်မှုပေါ်မူတည်ပါသည်။

Learn More