
ASU မှာ Scholarship လျှောက်လို့ရလား??? ASU မှာ မြန်မာကျောင်းသားတွေအတွက် In-State Tuition Fees
ASU Global Preparation Program တွင် ပါဝင်ကျောင်းသူကျောင်းသားများသည် နိုင်ငံတကာကျောင်းသားများကဲ့သို့ ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ ပြည်နယ်အတွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနှင့် တက်ရောက်ခွင့်ရရှိမည့်အပြင် အခြားသော ပညာသင်ထောက်ပံ့ကြေးများပါ လျှောက်ထားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ ရဲ့ အကောင်းဆုံးကျောင်းတွေထဲမှ ကျောင်းတစ်ကျောင်းဖြစ်သော Algelo State University (ASU) တွင် ပညာသင်ကြားမည့်မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည် Envision The Nations (ETN) မှတဆင့် Global Preparation Program သို့လျှောက်ထားပါက နိုင်ငံတကာကျောင်းလခနှုန်းထား ပေးဆောင်စရာမလိုဘဲ ပြည်နယ်တွင်းကျောင်းလခနှုန်းထားသာ ပေးဆောင်ရမည်ဖြစ်သည်။ တစ်နှစ်လျှင် ကျောင်းလခ အမေရိကန်ဒေါ်လာ ၂၃၀၀၀ကျော် ကုန်ကျမည့်အစား အမေရိကန်ဒေါ်လာ ၉၀၀၀ ကျော်ကျော်သာ ( Based on 30 credit hours ) ကုန်ကျမည် ဖြစ်ပါသည်။ ထို့အပြင် အဆိုပါအခွင့်အရေးသည် ပညာသင်နှစ်တစ်နှစ်တည်းအတွက်သာ မဟုတ်ဘဲ ကျောင်းပြီးသည်အထိ ခံစားခွင့်ရရှိမှာဖြစ်သောကြောင့် တစ်နှစ်လျှင် ကျောင်းလခ ဒေါ်လာ ၁၄၀၀၀ ခန့်သက်သာသွားမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း ၄ နှစ်တာအတွက် အမေရိကန်ဒေါ်လာငွေ ၅၆၀၀၀ (မြန်မာငွေကျပ် သိန်း ၇၀၀ကျော်) သက်သာစေမည်ဖြစ်ပါသည်။ ASU ၏ Global Partnership Program မှ In-state tuition fees အပြင် SAT / ACT အမှတ်ကောင်းသောကျောင်းသူကျောင်းသားများသည် ASU ၏ Carr Scholarship ကို US$- 1000 မှ US$- 12000 အထိ နှစ်စဉ် (၄နှစ်တာ) Scholarship ပညာသင်ဆုများလည်း လျှောက်ထားရရှိနိုင်ဦးမည်ဖြစ်ပါသည်။ GPA 3.0 အမှတ် ထိန်းထားနိုင်မည်ဆိုလျှင် နှစ်စဉ် (၃နှစ်တာ) နောက်ထပ် အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၂၀၀၀ အထိ ထပ်မံရရှိနိုင်စေမှာဖြစ်ပါသည်။
Envision The Nations (ETN) သည် မြန်မာပြည် မှ ကျောင်းသူကျောင်းသားများအား ASU Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ Envision The Nations (ETN) ကို ၂၀၁၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်၌ ပညာရေးဝန်ဆောင်မှု ပေးခြင်း၊ ပညာရေးဆိုင်ရာ အကြံပေခြင်း နှင့် အသက်မွေးပညာသင်တန်းများဖွင့်လှစ်သင်ကြားခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ Angelo State University တွင်ပညာသင်ကြားရန် ပြင်ဆင်နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် ASU Myanmar အမည်ဖြင့်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည်။ ASU Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ အား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review စာရင်းရဲ့ အကောင်းဆုံး တက္ကသိုလ်များ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းမှာ ၁၁နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် ASU မှာ မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) နဲ့ တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ETN နဲ့ YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
Envision The Nations (ETN) သည် မြန်မာပြည်၌ ပညာရေးဝန်ဆောင်မှု အမျိုးမျိုးပေးဖို့ ရန်အတွက်ရည်ရွယ်ကာ ၂၀၁၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ပညာရေးဆိုင်ရာ အကြံပေးမှုများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ Envision Vocational Training Institute အား ၂၀၁၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအချိန်မှာနိုင်ငံတကာတွင်ပညာသင်ကြားဖို့ပြင်ဆင်နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် Overseas Education Services လုပ်ငန်းခွဲကို ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ Envision The Nations (ETN) သည် မြန်မာပြည်မှကျောင်းသူကျောင်းသားများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက် ASU Myanmar အမည်ဖြင့် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ASU Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ အား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review စာရင်းရဲ့ အကောင်းဆုံး တက္ကသိုလ်များ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းမှာ ၁၁နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် ASU မှာ မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) နဲ့ တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ETN နဲ့ YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
Undergraduate program လျှောက်ထားရာတွင် English စာ တတ်ကျွမ်းမှု အရည်အချင်းအထောက်အထား ရမှတ်များ လိုအပ်ပါသည်။
မြန်မာပြည်က ကျောင်းသူကျောင်းသားများအား Envision The Nations (ETN) က ASU Global Program အတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတွေက ကျောင်းသားများ အပါအဝင် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည် နိုင်ငံတကာကျောင်းသားတွေလို ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ ပြည်နယ်အတွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနှင့် တက်ရောက်ခွင့်ရရှိမည့်အပြင် အခြားသော ပညာသင်ထောက်ပံ့ကြေးများပါ လျှောက်ထားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်
ASU မှာ Scholarship လျှောက်လို့ရလား??? ASU မှာ မြန်မာကျောင်းသားတွေအတွက် In-State Tuition Fees
US မှာကျောင်းတက်ဖို့ စဉ်းစားနေသလား ဒါလေးဖတ်ကြည့်ပါ… အမေရိကန်နိုင်ငံက ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကြီးတစ်ခုခုမှာ ကျောင်းတက်ဖို့က ငယ်ရွယ်သူလူငယ်များရဲ့ အိမ်မက်တွေထဲက
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်ဂျယ်လိုမြို့မှတည်ရှိတဲ့ Angelo State University (ASU) ရဲ့ ထူးခြားချက်တွေထဲက အချို့ကို