Admission Requirements

ASU တွင် ကျောင်းလျှောက်ထားရန်အတွက် လိုအပ်ချက်များ

ASU တွင် undergraduate program လျှောက်ထားရန် မြန်မာနိုင်ငံမှ International School တစ်ခုခုမှ (GED, GCSE, IGCSE AS-Level, A-Level) အောင်မြင်ပြီးသူတိုင်း ဖြစ်စေ၊ မြန်မာနိုင်ငံအစိုးရအထက်တန်းကျောင်းမှ ၁၀ တန်းအောင်မြင်ထားသူများဖြစ်စေ မိမိတို့၏ အောင်မြင်ပြီးမြောက်မှု အထောက်အထားများအပြင်  Undergraduate program လျှောက်ထားရာတွင် (IELTS, TOFEL or Duolingo) တစ်ခုခုတို့မှ ရရှိသောEnglish စာ တတ်ကျွမ်းမှု အရည်အချင်းအထောက်အထား ရမှတ်များ လိုအပ်ပါသည်။

လိုအပ်သော စာရွက်စာတမ်းများ

1။ Evidence of High School Graduation & Transcript အထက်တန်း အောင်မြင်ကြောင်းလက်မှတ်နှင့် အမှတ်စာရင်း

နံပတ် ၁ အရေးအကြီးဆုံးမှာ Bachelor ဘွဲ့အတွက် လျှောက်ထားသူသည် အထက်တန်း (တက္ကသိုလ်ဝင်စာမေးပွဲ) အောင်မြင်ကြောင်းလက်မှတ်နှင့် အထက်တန်းအမှတ်စာရင်းများ တင်ပြရန် လိုအပ်ပါသည်။ အထက်တန်းအမှတ်စာရင်းဟု ဆိုရာတွင် ဆယ်တန်းအမှတ်စာရင်း (Grade 11) နှင့် ကိုးတန်းအမှတ်စာရင်း (Grade 10) နှစ်မျိုးလုံး လိုအပ်ပါသည်။ (1) အထက်တန်းအောင်လက်မှတ်နှင့် (2) ဆယ်တန်းအမှတ်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ထုတ်ယူနိုင်ပြီး၊ (3) ကိုးတန်း အမှတ်စာရင်းကိုမူ မိမိ သက်ဆိုင်ရာကျောင်းမှ တောင်းယူရပါမည်။ (အကယ်၌ ကျောင်းလျှောက်လွှာတင်သည့်အချိန်တွင် ကိုးတန်းအမှတ်စာရင်းကို အချိန်မီ ထည့်သွင်းပေးနိုင်ခြင်း မရှိပါက မိမိပို့ပေးနိုင်မည့်နေ့ရက်ကို ဖော်ပြပြီး ထိုနေ့မတိုင်မီ ပို့ပေးရပါမည်။) ယင်းမှာ အမေရိကန်တက္ကသိုလ်ဝင်ခွင့်၏ လိုအပ်ချက် ဖြစ်ပါသည်။ ထိုစာရွက်စာတမ်းများသည် မြန်မာဘာသာဖြင့် ရေးသားထားသောကြောင့် Notary Public မှာသွားပြီး Notary လုပ်ရပါမည်။

GED နှင့် အခြားနိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအဆင့် တခုခု အောင်လျှင်လည်း လက်ခံပါသည်။ IGCSE ဆိုလျှင် AS level အောင်မြင်ရပါမည်။ ယခုအချိန်တွင် မြန်မာနိုင်ငံမှ ဆယ်တန်းအောင်လက်မှတ်ဖြင့် ကျောင်းလျှောက်ထားခြင်းကို လက်ခံပေးထားသော်လည်း နောင်တွင် ဆက်လက် ခွင့်ပြု/မပြု မသေချာပါ။

SAT/ACT အမှတ်များပါလျှင် Scholarship တနှစ်ကို ဒေါ်လာ ၁၂,၀၀၀ အထိ ရနိုင်ပါသည်။ GPA ကောင်းအောင်ထိမ်းထားနိုင်လျှင် ထို Scholarship ကို ကျောင်းပြီးသည်အထိ ရနိုင်ပါသည်။

2။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ် An English proficiency test score (IELTS, TOEFL or Duolingo score)

IELTS သို့မဟုတ် TOEFL သို့မဟုတ် Duolingo စာမေးပွဲ ဖြေထားသောအမှတ် လိုအပ်ပါသည်။ အနည်းဆုံး IELTS score 6.0 (သို့) TOFEL iBT 69 (သို့) TOFEL ITP 550 (သို့) Duolingo 96 ရမှတ် လိုအပ်ပါသည်။

သတ်မှတ်ထားသော အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ် မရရှိသောသူများအတွက် သီးသန့်အစီအစဉ်များလည်းရှိရာ English နှင့်ပတ်သက်သော အသေးစိပ်အချက်အလက်များကို ဤနေရာတွင် ဖတ်ရှုပေးပါ။

3။ Bank Certificate or Bank Statement not less than 25,000 USD in the account ဘဏ်လက်မှတ်

မိမိကျောင်းစရိတ်ကို ထောက်ပံ့ပေးမည့်သူ၏ ဘဏ်လက်မှတ် (Bank Certificate or Bank Statement) လိုပါသည်။ ဘဏ်များသည် ဘဏ်စာရင်းတွင်ရှိသည့် ငွေပမာဏကို အင်္ဂလိပ်လို ဖော်ပြပေးပါသည်။ ဘဏ်စာရင်းက ဒေါ်လာနဲ့ ဆိုရင်လျှင် ဒေါ်လာမည်မျှ ရှိကြောင်း ဖော်ပြရုံပင်ဖြစ်သည်။ သို့သော်လည်း ဘဏ်စာရင်းက မြန်မာကျပ်ငွေစာရင်း ဖြစ်နေလျှင် မြန်မာကျပ်ငွေပမာဏကိုသာ ဖော်ပြပေးသောကြောင့် အဆိုပါပမာဏမှာ ယင်းနေ့ပေါက်ဈေးဖြင့် အမေရိကန်ဒေါ်လာ မည်မျှနှင့် ညီမျှကြောင်း ဖော်ပြပေးရန် လိုပါသည်။ အချို့ဘဏ်ခွဲများက မြန်မာကျပ်ငွေဖြင့်ပင် ဖော်ပြပေးပြီး ဒေါ်လာမည်မျှနှင့် ညီမျှကြောင်းကို ဖော်ပြမပေးပါ။ ထိုသို့ဆိုပါက Notary Public ထံတွင် ယင်းနေ့ ဒေါ်လာပေါက်ဈေးဖြင့် ခန့်မှန်းချေ USD မည်မျှ ရှိကြောင်း Notary ပြန်ပေးရမည် ဖြစ်သည်။ အနည်းဆုံး ဘဏ်စာရင်းထဲတွင် 25,000 USD ရှိရပါမည်။

4။ Complete Application Form လျှောက်လွှာ

အထက်ဖော်ပြပါ လိုအပ်ချက်များ ပြည့်စုံပြီဆိုလျှင် Application form မှာယူပြီး ဖြည့်ရပါမည်။ ASU တွင် ကျောင်းလျှောက်မည့်သူများကို ASU-MYANMAR က Email မှတစ်ဆင့် Application Form ပို့ပေးပါမည်။ မိမိတက်လိုသော Major/Program, Sponsor’s Information စသည်တို့ကို ပြည့်စုံစွာ ဖော်ပြပေးရမည် ဖြစ်ပါသည်။

5။ Payment Receipt of Application fee USD 50 လျှောက်ထားခ

ကျောင်းစတင်လျှောက်ထားရန် ASU ထံသို့ ကျောင်းလျှောက်ထားခ non-refundable USD 50 ကို ပေးသွင်းရပါမည်။ ပေးသွင်းရမည့် Link မှာ Flywire ဖြစ်ပါသည်။

Flywire မှာ Agency Account ဖွင့်ပြီး Credit Card ဖြင့် ပေးရမည်ဖြစ်သည်။ ထိုသို့ ပေးသည့်အခါ ကျောင်းလျှောက်မည့်သူ၏အမည် (applicant’s name) ကို မှန်မှန်ကန်ကန် ဖြည့်​ပေးရန် လိုပါသည်။ လျှောက်လွှာဖိုး ပေးသွင်းသူ၏ အမည်ကို ဖြည့်ရမှာ မဟုတ်ကြောင်း သတိပြုပါ။ ထိုသို့ဖြည့်နေသည့်အချိန်တွင် Campus ID တောင်းသည့်အခါ ဖြည့်ရမည့် Campus ID ကို ASU Myanmar ၏ Admin Group ထံသို့ လှမ်းတောင်းရပါမည်။ ဤကျောင်းလျှောက်ထားခကို ကျောင်းသားမှ ပေးသွင်းရန် အခက်အခဲရှိပါက ASU-Myanmar မှ ကူညီဆောင်ရွက်ပေးပါမည်။

၆။ နိုင်ငံကူးလက်မှတ်/ ပတ်စ်ပို့စာအုပ် Passport Copy

နိုင်ငံကူးလက်မှတ်ကိုလည်း Scan ဆွဲပြီး ပို့ပေးဖို့ လိုပါသည်။ Passport သက်တမ်း အနည်းဆုံး 2 နှစ် ကျန်နေသေးရန် လိုအပ်သည်။

၇။ Application Processing Fee

ASU-Myanmar မှ ချိတ်ဆက်ပေးသော In-State Tuition Fees ဖြင့် တက်နိုင်ရန်သည့် ဤ Global Preparation Program  ကို YBM ဆိုသော Korea အခြေစိုက် Agency မှ စီစဥ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ယင်းအတွက် Processing Fee ပေးရမည် ဖြစ်ကြောင်းကိုလည်း ကြိုတင်အသိပေးလိုပါသည်။ သို့သော်လည်း In-State Tuition Fees ဖြင့် လေးနှစ်တာ တက်ရောက်ရာတွင် သက်သာသွားသော ကျောင်းလခပမာဏ၏ 5% ခန့်သာ ပေးရသောကြောင့်  ​နိုင်ငံတကာကျောင်းသားအဖြစ် တိုက်ရိုက်လျှေက်ထားခြင်းထက် Global Preparation Program မှတစ်ဆင့် လျှောက်ထားခြင်းက များစွာသက်သာပြီး ထိုက်တန်ပါသည်။

၈။ ကုန်ကျစရိတ်များ

ကုန်ကျစရိတ်များမှာ နှစ်စဉ် ကျောင်းလခ၊ နေစရိတ်၊ စားစရိတ်၊ စာအုပ်ဖိုး၊ ကျောင်းသားအာမခံကြေး၊ ကိုယ်ပိုင်အသုံးစရိတ်အပြင် ပထမဆုံး စတင်ကျောင်းလျှောက်ရန်နှင့် မြန်မာပြည်မှထွက်ခွာချိန်တွင် Processing Fees၊ Application Fees၊ ဆေးစစ်ခ၊ လေယာဥ်လက်မှတ်ဖိုး၊ ဗီဇာကြေး၊ စသည်ဖြင့် ရှိပါမည်။