Internships and Part Time Jobs

Internships

နွေရာသီ ကျောင်းပိတ်ရက်ရှည်များကို internship ဆင်းခြင်းဖြင့်လည်း အကောင်းဆုံး အသုံးချနိုင်ပါသည်။ မိမိသင်ယူလေ့လာနေသော ပညာရပ်နယ်ပယ်တွင် ပညာသင်အဖြစ် အတွေ့အကြုံ ရရှိလိုပါက ကျောင်းရှိ Career Development ဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

ASU Career Development သည် ကျောင်းသားများ မိမိတို့ပညာရပ်များနှင့် ဆက်စပ်သည့် internship များကိုလည်း စိတ်ဝင်စားပါက လုပ်ကိုင်နိုင်ရန် လုပ်ငန်းအချို့ကိုလည်း Website တွင် ဖော်ပြပေးထားပါသည်။ ကျောင်းသားများအနေဖြင့် မိမိဘာသာ ကုမ္ပဏီအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ကာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အလုပ်အကိုင်အခွင့်အရေးများး

နိုင်ငံတကာကျောင်းသားများသည် အမေရိကန်နိုင်ငံ၏ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုတွင် ကျောင်းတက်နေစဉ် အချိန်ပိုင်း အလုပ်လုပ်နိုင်သကဲ့သို့ ကျောင်းပြီးသွား၍ တက္ကသိုလ်ဘွဲ့ရပြီးလျှင်လည်း အလုပ်လုပ်ကိုင်နိုင်သည့် အခွင့်အရေးများ ရှိပါသည်။

Part time Jobs

အမေရိကန်နိုင်ငံတွင် ပထမ Semester သင်ယူပြီးသည်နှင့် သတ်မှတ်ထားသောအမှတ်မီလျှင်(ဥပမာ GPA 2.5) ကျောင်းသားများ Part Time အလုပ်လုပ်နိုင်ပါသည်။ တပတ်လျှင် ပျှမ်းမျှ နာရီ 20 အထိ လုပ်ခွင့်ရှိပြီး Summer တွင် ထို့ထက် ပို၍ လုပ်ခွင့်ပေးထားပါသည်။ ကျောင်းတွင်းသာမက ကျောင်းပြင်ပမှာပါ လုပ်ကိုင်နိုင်ပြီး တက္ကသိုလ်ဝင်းအပြင်တွင် အလုပ်ထွက်လုပ်လိုလျှင်မူ အပြင်တွင်အလုပ်ထွက်လုပ်ခွင့် လျှောက်ရပါသည်။ ခွင့်ပြုချက် ရပြီဆိုလျှင် မိမိအဆင်ပြေသောနေရာတွင် လုပ်ကိုင်နိုင်ပါသည်။ အချိန်ပိုင်း လုပ်ခွင့်ရှိပြီး ယင်းအားဖြင့် အကျိုးကျေးဇူးများ ရှိသော်လည်း ဘွဲ့ရရှိရေးမှာ မူလရည်ရွယ်ချက် ဖြစ်သည့်အပြင် GPA လည်း မကျအောင် ထိန်းထားရန် လိုကြောင်း သတိချပ်စေချင်ပါသည်။ https://www.angelo.edu/life-on-campus/work/

On-Campus Jobs

ကျောင်းတွင်းရှိ ရနိုင်သော အချိန်ပိုင်းအလုပ်ကြော်ငြာများကို ကျောင်း website တွင် တင်ထားသောကြောင့် ဆန်းစစ်ပြီး မိမိလုပ်နိုင်သောအလုပ်ကို လျှောက်ထားနိုင်ပါသည်။ student assistant, conference assistant, office assistant ကဲ့သို့သော အလုပ်များ၊ IT နှင့် ပတ်သက်သော အလုပ်များ၊ indoor swimming pool Lifeguard, Group Fitness Instructor, cook, chef စသည်ဖြင့် အချိန်ပိုင်း အလုပ်အကိုင်ပေါင်းများစွာ ရှိပါသည်။ လုပ်အားခမှာ $7.25/hr မှ $14/hr အထိ အမျိုးမျိုး ရှိနိုင်ပါသည်။ မိမိတတ်ထားသော မည်သည့်ပညာရပ်မဆို တန်ဖိုးရှိပါသည်။ အတတ်ပညာပါမှ လုပ်လို့ရသည့် အလုပ်များမှာ လုပ်ခပိုများသည်ကို တွေ့နိုင်ပါသည်။ ကျောင်းဝင်းထဲရှိ အလုပ်များမှာ လုပ်ခများစွာ မရသော်လည်း ကျောင်းဝင်းထဲတွင်ပင် သွားလာရသောကြောင့် အပြင်ထွက်လုပ်ခြင်းထက် အချိန်ပိုရနိုင်ပါသည်။

Off-Campus Jobs (Handshake)

Handshake ဆိုသည်မှာ အမေရိကန် ကောလိပ်/တက္ကသိုလ်ကျောင်းသားများအတွက် ရည်ရွယ်သည့် အလုပ်အကိုင်ရှာဖွေရေး App တစ်ခု ဖြစ်သည်။ ASU website မှတဆင့် Handshake တွင် ASU email နှင့် password ကို အသုံးပြုပြီး Sign in လုပ်ရမည်။ မိမိ၏ current resume ကို upload လုပ်ကာ profile ကို ဖြည့်ရသည်။ Handshake Mobile App ကို download ပြီးနောက် အတွေ့အကြုံမလိုအပ်သော သို့မဟုတ် အတွေ့အကြုံအနည်းငယ်သာ လိုအပ်သော အလုပ်အကိုင်များနှင့် internship များကို ရှာဖွေနိုင်ပါသည်။ မိမိ၏ မေဂျာ၊ စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုများပေါ်မူတည်ပြီး app မှ recommend ပေးထားသော အလုပ်အကိုင်များထဲမှ လည်း ရွေးချယ်နိုင်သည်။ အချိန်ပိုင်းအလုပ်ဖြစ်စေ၊ ကျောင်းပိတ်ရက်များတွင် အချိန်ပြည့်အလုပ်ဖြစ်စေ၊ intern ဖြစ်စေ လုပ်ကိုင်နိုင်ရန် ကျောင်းသားများနှင့် အလုပ်ရှင်များကို တိုက်ရိုက်ဆက်သွယ်ပေးထားသော အခွင့်အရေး ဖြစ်ပါသည်။

အခြားသော အလုပ်အကိုင်များကို မိမိဘာသာ ရှာဖွေပြီးလည်း လုပ်ကိုင်နိုင်ပါသည်။

ASU မှ ဘွဲ့ရပြီးလျှင် အမေရိကန်နိုင်ငံတွင် အလုပ်ဆက်လုပ်ခွင့်

နိုင်ငံတကာကျောင်းသားအများစုသည် ဘွဲ့ရပြီးပါက Optional Practical Training ဟုခေါ် သော လုပ်ငန်းခွင် လက်တွေ့ဆင်းခြင်း (OPT) ကို တွေ့ကြုံခံစားရန် အခွင့်အလမ်းရရှိပါသည်။ Optional ဖြစ်သောကြောင့် မလုပ်လိုပါကလည်း ရပါသည်။ လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း ဆိုသည်မှာ F-1 visa နှင့် ကျောင်းသားများ၏ အဓိကလေ့လာမှုနယ်ပယ်နှင့် တိုက်ရိုက်သက်ဆိုင်သော အလုပ်တွင် အတွေ့အကြုံများ ရယူရန် လက်တွေ့ဆင်းသည့် ယာယီအလုပ်ဖြစ်သည်။ ဥပမာ Mechanical Engineering Major တက်ခဲ့လျှင် Mechanical Engineering နှင့် သက်ဆိုင်သော လုပ်ငန်းခွင်တွင် အလုပ်ဝင်လုပ်ခြင်မျိုးပင် ဖြစ်သည်။ ယင်းမှာ အချိန်ပိုင်းဖြစ်စေ (အနည်းဆုံး တပတ်လျှင် နာရီ 20)၊ အချိန်ပြည့်ဖြစ်စေ လုပ်ကိုင်ရပါမည်။

အရည်အချင်းပြည့်မီသော ကျောင်းသားများအတွက် ကျောင်းမပြီးခင် သို့မဟုတ် ကျောင်းပြီးသည့်နောက် (OPT အလုပ်အကိုင်ခွင့်ပြုချက်) 12 လအထိ ရရှိရန် လျှောက်ထားနိုင်ပါသည်။ အကယ်၍ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာ (Science, Technology, Engineering & Mathematics -STEM) နယ်ပယ်များမှ ဘွဲ့တစ်ခုခုရခဲ့ပါက  OPT ကို 24 လ အထိ သက်တမ်းတိုးပြီး လျှောက်ထားနိုင်ပါသည်။ ခွင့်ပြုချက်ရရှိရန် ကျောင်းမပြီးခင် လျှောက်ထားရမည်ဖြစ်ပြီး ကျောင်းရှိ Career Development ဌာနနှင့် ဆက်သွယ်၍ မေးမြန်းဆောင်ရွက်ပါ။

အမေရိကန်နိုင်ငံတွင် ဘွဲ့ဒီဂရီပရိုဂရမ်တစ်ခုတွင် တက်ရောက်နေစဉ်တွင်ဖြစ်စေ၊ သင်ယူမှု ပြီးမြောက်သွားချိန်တွင်ဖြစ်စေ နိုင်ငံတကာကျောင်းသားများအနေဖြင့် မိမိလေ့လာခဲ့သော ဘာသာရပ်အတွက် စာတွေ့နှင့်လက်တွေ့ တပါတည်း သင်ယူနိုင်သောကြောင့် ASU တွင် တက်ရောက်ကြမည့်ကျောင်းသူ ကျောင်းသားများအနေဖြင့် လက်မလွှတ်သင့်သော အခွင့်အရေးတရပ် ဖြစ်ပေသည်။