English Proficiency Test Score

အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ်

အမေရိကန် တက္ကသိုလ်ကောလိပ်များတွင်တက်ရန် အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ် လိုအပ်ပါသည်။ တကျောင်းနှင့်တကျောင်း၊ မေဂျာတခုနှင့်တခု လိုအပ်သည့်အမှတ် ကွဲပြားနိုင်သည်။ Angelo State University (ASU) တွင် ကျောင်းလျှောက်ရန်အတွက် English proficiency test များဖြစ်သည့် IELTS, TOEFL, Duolingo စာမေးပွဲများထဲမှ တခုခုကို ဖြေဆိုထားသောရမှတ်ကို လက်ခံပေးပြီး အနည်းဆုံး သတ်မှတ်ချက်များမှာ IELTS score 6.0 (သို့) TOFEL iBT 69 (သို့) TOFEL ITP 550 (သို့) Duolingo 96  ဖြစ်ပါသည်။

အင်္ဂလိပ်စာ ကျွမ်းကျင်မှု သတ်မှတ်ရမှတ်ထက် နည်းသူများ

သတ်မှတ်ထားသော အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ် မရရှိသောသူများအတွက် မိမိတက်လိုသည့် semester မတိုင်မီ ASU တွင် ကြိုတင်လာရောက်ပြီး အင်္ဂလိပ်စာသီးသန့် သင်ယူနိုင်သော Hybrid “A” နှင့် Hybrid “B” Program များ ရှိပါသည်။ ယင်းအတွက်တော့ ကုန်ကျစရိတ် အနည်းငယ် ပိုများသွားမည်ဖြစ်သည်။

Hybrid A Program

IELTS 5.5, TOFEL IBT 60-68, Duolingo 85-95, သို့မဟုတ် TOFEL ITP 500-549 ရမှတ် သာရရှိသူများသည် “Hybrid A Program” တွင်ပါ၀င်ပြီး English Language Learners’ Institute (ELLI) program ကိုတက်ရောက်ရန်အတွက် ၇ ပတ် ကြိုတင် တက်ရောက်ရမည်ဖြစ်ပါသည်။

Hybrid B Program

IELTS 4.5-5, TOFEL IBT 50-59, Duolingo 75-84, သို့မဟုတ် TOFEL ITP 450-499 ရမှတ် သာရရှိသူများသည် “Hybrid B Program” တွင်ပါ၀င်ပြီး English Language Learners’ Institute (ELLI) program ကိုတက်ရောက်ရန်အတွက် ၁၄ ပတ် ကြိုတင် တက်ရောက်ရမည်ဖြစ်ပါသည်။

ထို Hybrid Program ကို တက်ရောက်ပြီးပါက ပုံမှန်ပညာသင်နှစ်ကို စတင်တက်ရောက်နိုင်ပါပြီ။

Online English Proficiency Tests

Online မှ ဖြေဆိုနိုင်သော IELTS (Indicator) နှင့် Duolingo

ASU သည် IELTS (Indicator) နှင့် Duolingo ရမှတ် နှစ်မျိုးလုံးကို လက်ခံပါသည်။ ယင်းတို့မှာ Online Test များဖြစ်ပြီး အချိန်အကန့်အသတ်အတွင်း ဖြေဆိုရမည်ဖြစ်သောကြောင့် ကွန်ပျူတာနှင့် နည်းပညာပိုင်းကို သေချာစွာ ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဖြေဆိုရာတွင် မြန်ဆန်သော ကွန်ပြူတာတခုနှင့် တည်ငြိမ်သော အင်တာနက်လိုင်း ရှိထားရန် လိုအပ်ပြီး တိတ်ဆိတ်ကာ အလင်းရောင်ကောင်းသောအခန်းတွင် ဖြေဆိုသင့်ပါသည်။

Computer တွင် ရှိထားရန် လိုအပ်သောအရာများ-

  1. Test ကို support လုပ်သော Browser (Eg. Chrome, Opera)
  2. Front Camera
  3. Microphone
  4. Speakers

IELTS (Indicator)

Covid-19 ကြောင့် Test Centre များ ပိတ်ထားရစဉ်တွင် နေအိမ်မှပင် လွယ်ကူစွာ ဖြေဆိုနိုင်ရန် စီစဉ်ထားသော IELTS ၏ တရားဝင် Online Test ဖြစ်သည်။

IELTS (Indicator) Test ဖြေဆိုရန်-

  • ဖြေဆိုချိန်အနေဖြင့် Listening, Reading, Writing ကို တစ်ထိုင်တည်း ဖြေဆိုရမည်ဖြစ်ပြီး ခန့်မှန်းခြေ 2 နာရီ 45 မိနစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ Speaking Test မှာ သီးခြားပြုလုပ်ပြီး 11-14 မိနစ်ခန့်ကြာမည်။
  • Test ဖြေဆိုရန် Passport သို့မဟုတ် Citizenship card ရှိရမည်။
  • Test fees မှာ အမေရိကန်ဒေါ်လာ $149 ဖြစ်သည်။
  • Test ဖြေဆိုရာတွင် IELTS ကဲ့သို့ပင် Four skills – Listening, Reading, Writing နှင့် Speaking ပါဝင်ပြီး Speaking test တွင် video call ဖြင့် ဖြေဆိုရမည်။
  • ဖြေဆိုခဲ့သည့် စာမေးပွဲရမှတ်ကို (၇) ရက်အတွင်း လက်ခံရရှိမည်ဖြစ်သည်။

Learn More about IELTS Indicator Test

Free online IELTS practice tests 

(ASU က IELTS Indicator စာမေးပွဲအမှတ်ကို လက်ခံသော်လည်း လောလောဆယ် 2022 နှစ်ဆန်းပိုင်းလောက်က မြန်မာနိုင်ငံမှာ Indicator Test ကို ရပ်နားထားသည်ဟု သိရပါသည်။ IELTS on computer or paper ဖြေလို့ရပါသည်။ အခြေအနေ updates ကို မိမိအစီအစဉ်ဖြင့် စုံစမ်းရန်)

 

Duolingo English Test

ကမ္ဘာတစ်ဝှမ်းမှာရှိသော Institutions တော်တော်များက ကျောင်းဝင်ခွင့်အတွက် လက်ခံပေးသော English Proficiency Test တစ်ခု ဖြစ်သည်။ ယခုအခါ အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ဝင်ခွင့်အချို့ကို Duolingo English Test ဖြင့် စတင်လျှောက်ထားနိုင်ပြီး ASU သည်လည်း Duolingo အမှတ်ကို လက်ခံပါသည်။ Institutions တော်တော်များက IELTS နှင့် TOEFL တို့နှင့် တန်းတူညီမျှ လက်ခံပေးပြီး အချိန်ရော၊ အကုန်အကျပါ ပိုသက်သာပြီး ဖြေဆိုရန် အဆင်ပြေလှသော English Test တစ်ခုဖြစ်သောကြောင့် ကျောင်းသားများ ပိုမိုအသုံးပြုလာကြပြီဖြစ်သည်။

Test Center ကို သီးသန့်အချိန်ပေးသွားရောက်ရန် မလိုအပ်ခြင်း၊ ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ခြင်း အစရှိသည့် အားသာချက်များအပြင် မိမိတို့အဆင်ပြေသည့် အချိန်၊ နေရာမှာ ဝင်ရောက်ဖြေဆိုနိုင်ပါသည်။ မိမိတို့နေအိမ်၌ အသံအနှောက်အယှက်ကင်းသော သီးသန့်အခန်းတစ်ခုတွင် ကွန်ပြူတာနှင့် တည်ငြိမ်သောအင်တာနက် ရှိရုံဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။

Duolingo Test ဖြေဆိုရန်-

  • ဖြေဆိုချိန်အနေဖြင့် ခန့်မှန်းခြေ ၁နာရီမျှသာ ကြာမြင့်မည်ဖြစ်သည်။
  • Test ဖြေဆိုရန် Passport သို့မဟုတ် Citizenship card ရှိရမည်။
  • Test fees အနေဖြင့် အမေရိကန်ဒေါ်လာ $49 ခန့်သာ ကုန်ကျမည်ဖြစ်သည်။
  • Test ဖြေဆိုရာတွင် Reading, Listening, Speaking နှင့် Writing အပိုင်း (၄) ပိုင်းလုံးကို ဖြေဆိုရပါမည်။
  • ဖြေဆိုပြီးသူများသည် (၂၄)နာရီမှ (၄၈) နာရီအတွင်း မိမိတို့၏ test result ကိုသိရှိနိုင်မည်ဖြစ်သည်။

Practice Test

အစမ်းဖြေကြည့်ရန် Practice Test ရှိပြီး ယင်းအတွက် ကြာချိန် 15 mins သာရှိပါသည်။ Practice Test ကို free of charge ဖြေနိုင်ပြီး ဖြေပြီးသည့်အခါ အမှန်တကယ်စာမေးပွဲဖြေလျှင် ရနိုင်မည့် ခန့်မှန်းခြေ score ကို ပြပေးပါသည်။ Test ၏ သဘောတရားကို နားလည်ရန် Practice Test ကို ဦးစွာဖြေကြည့်ရန် တိုက်တွန်းပါသည်။ ရမှတ်နည်းသေးပါကလည်း တိုးတက်လာအောင် ထပ်မံပြင်ဆင်ရန် ဆောင်ရွက်နိုင်ပါမည်။ Duolingo English test ဖြေဆိုရန် tips လေးများနှင့် question types များကို You tube တွင်လည်း ရှာဖွေလေ့လာနိုင်ပါသည်။

Learn More about Duolingo English Test