Scholarships

Scholarships for New Freshmen

ASU တွင် လျှောက်ထားနိုင်သော Scholarship များ

ASU တွင် Scholarship အခွင့်အရေးများစွာရှိပါသည်။ Scholarship မှာ ASU Campus တွင် full time တက်သော ကျောင်းသားများအတွက်သာ ဖြစ်ပါသည်။

ASU မှ ပေးအပ်သော Scholarship များကို အဓိက 2 မျိုး ခွဲထားသည်။ ပထမတစ်မျိုးသည် ကျောင်းမတက်မီကတည်းက ကြိုတင်လျှောက်နိုင်သည့် ASU Distinguished Scholarships ဖြစ်ပြီး နောက်တစ်မျိုးမှာ ကျောင်းသားဖြစ်ပြီးမှသာ လျှောက်နိုင်သည့် Scholarships ဖြစ်သည်။

ASU Distinguished Scholarships

ASU Distinguished Scholarships ကို ASU တွင် မတက်မီကပင် လျှောက်နိုင်သည် ဆိုသော်လည်း ASU တွင် Admission ရပြီးသား ဖြစ်ရပါမည်။ ဆိုလိုသည်မှာ ASU လျှောက်သည့်အခါ ASU Distinguished Scholarships ကို အတူအပါတည်း လျှောက်ရမှာဖြစ်ပြီး Scholarship လက်ခံစဉ်းစားမည့် သတ်မှတ်ရက် မတိုင်မီ ကျောင်းက မိမိကို Admission လက်ခံပြီးသား ဖြစ်နေမှသာ မိမိ၏ Scholarships လျှောက်လွှာကို လက်ခံစဉ်းစားပေးပါလိမ့်မည်။ Admission Process မှာ ၃ ပတ်ခန့်ကြာသောကြောင့် ASU Distinguished Scholarships လျှောက်မည့်သူသည် ကျောင်းလျှောက်ရန် လိုအပ်သော စာရွက်စာတမ်း အပြည့်အစုံကိုပြင်ဆင်ပြီး ကျောင်းလျှောက်လွှာကို စောပြီး တင်ရပါမည်။

ဆိုလိုသည်မှာ ASU Distinguished Scholarships နှင့်အတူ August Intake (Fall Semester) အတွက် ကျောင်းလျှောက်လိုပါက Scholarship လက်ခံစဉ်းစားမည့် သတ်မှတ်ရက်ဖြစ်သော ဧပြီ ၁ ရက်နေ့တွင် Admission လက်ခံပြီးသားဖြစ်ရမည်ဖြစ်၍ မတ်လ ပထမပတ်တွင် လျှောက်လွှာတင်ပြီးသား ဖြစ်နေရပါမည်။ January Intake (Spring Semester) အတွက် အောက်တိုဘာ ၁၅ ရက်နေ့တွင် Admission လက်ခံပြီးသားဖြစ်ရမည်ဖြစ်၍ စက်တင်ဘာလ တတိယပတ်တွင် လျှောက်လွှာတင်ပြီးသား ဖြစ်နေရပါမည်။

Scholarship လျှောက်ရန် လိုအပ်ချက်များ-

ASU Distinguished Scholarships မှာ မိမိ၏ ပညာရည်ပြည့်ဝမှု‌ပေါ်မှာ အကဲဖြတ်ကာ ပေးခြင်း ဖြစ်သည်။

1) International Students တွေအနေနဲ့ SAT သို့မဟုတ် ACT အမှတ် ပါမှသာ လျှောက်လို့ရပါမည်။ ACT အတွင် composite score ကို အကဲဖြတ်ပြီး၊ SAT အတွက် math နှင့် evidence-based reading/writing score များကို အကဲဖြတ်ပါသည်။

2) မိမိတက်သောကျောင်းမှ GPA 4.0 Scale ပေါ် အခြေခံပြီးတွက်ထားသော High School transcript လည်း မဖြစ်မနေတင်ပြရန် လိုပါသည်။

3) semester တစ်ခုတွင် အနည်းဆုံး 12 credit hours ယူရပါမည်။ တက်နေရင်း အချို့ course များကို drop/withdraw လုပ်ပါက စုစုပေါင်း 12 credit hours ထက်နည်းသွားလျှင် Scholarship ရတော့မည်မဟုတ်ပါ။

Scholarship က ဘယ်လောက်ရမှာလဲ-

SAT/ACT အမှတ်ပေါ်မှာ မူတည်ပြီး မိမိရနိုင်သော Scholarship ငွေပမာဏလည်း မတူပါ။ ထို့ပြင် မိမိလျှောက်သည့်အချိန်တွင် Scholarship လျှောက်သော ကျောင်းသားအရေအတွက်၊ Fund ရရှိမှုအနေအထား စသည်များပေါ်မူတည်ပြီးလည်း scholarship amount ကွာသွားနိုင်ပါသည်။ မိမိရရှိထားသော အမှတ်ပေါ်မူတည်ပြီး တနှစ်လျှင် ဒေါ်လာ 1,500 မှ 10,000 အထိ ရနိုင်ပါသည်။ နောက်နှစ်များတွင်လည်း renewal requirements ပြည့်မီပါက ကျောင်းပြီးသည်အထိ ထို Scholarship ကို ဆက်လက်ရရှိမည်ဖြစ်သည်။

Learn more

ASU ကျောင်းသားဖြစ်ပြီးမှသာ လျှောက်နိုင်သည့် Scholarships

ASU Distinguished Earn-In Scholarships

ASU Distinguished Earn-In Scholarships မှာ ASU တွင် တက်နေပြီးဖြစ်သော ကျောင်းသားများအနေဖြင့် မိမိရသည့် GPA ပေါ်မှာမူတည်ပြီး လျှောက်နိုင်/ရရှိနိုင်သော Scholarship များ ဖြစ်သည်။ renewal requirements ပြည့်မီပါက ထို Scholarship ကို ဆက်လက်ရရှိမည်ဖြစ်သည်။ semester တိုင်းတွင် GPA ကောင်းရန် ကြိုးစားပါက ထိုက်တန်သော ပညာသင်ဆုများ ရရှိမည်ဖြစ်သည်။

Scholarship လျှောက်ရန် လိုအပ်ချက်များ-

  • တစ်နှစ်လျှင် အနည်းဆုံး 30 credits ယူထားရမည်။
  • အနည်းဆုံး GPA 3.0 ရှိရမည်။

GPA 3.75-4.0 $2,000 / GPA 3.5-3.749 $1,500 / GPA 3.0-3.49 $1,000 Learn more 

ASU Distinguished Earn-In Scholarship Levels
AMOUNT PER YEARINSTITUTIONAL GPA
$2,0003.75-4.0
$1,5003.5-3.7499
$1,0003.0-3.499

Degree-Specific Scholarships

သက်ဆိုင်ရာ မေဂျာဘွဲ့အလိုက် သီးသန့်ပေးသော ပညာသင်ဆုဖြစ်ပြီး ကျောင်းဝင်ခွင့်ရပြီးနောက်မှ ကျောင်းသား account ဖြင့် login ဝင်ကာ လျှောက်ထားရမည်ဖြစ်သည်။ Scholarship အမျိုး ၂၅၀ ကျော်ရှိပါသည်။ မိမိ မေဂျာနှင့် သက်ဆိုင်သော ပညာသင်ဆုများကို ASU website တွင် လေ့လာနိုင်ပါသည်။ Learn more

General Scholarships

General ASU Scholarships မှာ ဘာသာရပ်တစ်ခုခုနဲ့မျှ မတွဲဖက်ရသေးသော ကျောင်း‌သားများ လျှောက်လို့ရသည့် Scholarship များဖြစ်ပြီး Scholarship ပေါင်း ၃၅၀ ကျော် ရှိပါသည်။

ဤ အထွေထွေ Scholarship များထဲတွင် GPA 2.5 မှစတင်ကာ လျှောက်နိုင်သော Scholarship များ၊ ကျောင်းသားခေါင်းဆောင်များ၊ ကျောင်းရှိအသင်းအဖွဲ့များတွင် ပါဝင်ဦးဆောင်သော ကျောင်းသူကျောင်းသားများ၊ extracurricular activities များတွင် တက်ကြွစွာပါဝင်သော ကျောင်းသားများအတွက် ပေးသော Scholarship များ၊ ပြင်ပအဖွဲ့အစည်းများ၏ ထောက်ခံမှုဖြင့်ပေးသော Organizational Scholarship များ၊ single parent များအတွက်ပေးသော Scholarship များ စသည်ဖြင့် အမျိုးမျိုးရှိရာ မိမိအကျုံးဝင်ပါက လျှောက်ထားနိုင်သည်။ ကျောင်းဝင်ခွင့်ရပြီးနောက်မှ ကျောင်းသား account ဖြင့် login ဝင်ကာ လျှောက်ထားရမည်ဖြစ်သည်။

သက်ဆိုင်ရာ လိုအပ်ချက်များ ပြည့်မီပါက သက်ဆိုင်ရာ သီးသန့်လျှောက်လွှာ၊ လိုအပ်ချက်အထောက်အထား၊ နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ လျှောက်ရမည်ဖြစ်သည်။ ASU ကျောင်းသားဖြစ်မှ လျှောက်နိုင်သကဲ့သို့ ASU ၏ စံနှုန်းများလည်း ပြည့်မီရန် လိုအပ်ပါသည်။ Learn more

Scholarship for Transfer Student

ASU Distinguished Transfer Scholarships

ASU Distinguished Transfer Scholarships သည် Transfer Student များအတွက် ပေးသော ပညာသင်ဆုများ ဖြစ်သည်။ သီးသန့်လျှောက်ထားရန် မလိုအပ်ပါ။ admission ရသည်နှင့် ASU မှ အလိုလို ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။ မိမိ transfer ရယူခဲ့သော credit hours အရေအတွက်နှင့် GPA ပေါ်တွင် မူတည်ပြီး scholarship amount မှာ ကွဲပြားနိုင်သည်။ နှစ်စဉ် ဒေါ်လာ 1,500 မှ 4,000 အထိ ရရှိနိုင်ပြီး MAXIMUM LIFETIME AWARD သတ်မှတ်ချက် ရှိပါသည်။

Scholarship ရနိုင်ရန် အောက်ပါတို့ အကျုံးဝင်ရပါမည်။

1)  semester တစ်ခုလျှင် အနည်းဆုံး credit hours မည်မျှ ယူရမည်ဟူ၍ သတ်မှတ်မထားသော်လည်း အနည်းဆုံး 12 credit hours (full time) ယူထားလျှင် scholarship amount ၏ 100%, 9-11 credit hours ယူလျှင် 75%, 6-8 credit hours ဖြစ်လျှင် 50% ရမည်ဖြစ်သည်။

2)  အထက်ပါဇယားအတိုင်း credit transfer အနည်းဆုံး 12 နှင့် GPA အနည်းဆုံး 2.5 ရှိရမည်။

ASU Distinguished Transfer Scholarship ၏ Renewal Requirements မှာ ပထမနှစ် ပြီးဆုံးလျှင် အနည်းဆုံး 2.5 GPA ရှိရမည်၊ နောက်နှစ်များပြီးဆုံးချိန်တွင် အနည်းဆုံး 2.75 GPA ရှိရမည်။ စုစုပေါင်းအနေနှင့်မူ ဇယားတွင်ပါသော အများဆုံးရရှိနိုင်သည့် ပမာဧဏအထိသာ ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် Transfer Student များသည် Degree-Specific Scholarship များနှင့် General ASU Scholarship များကိုလည်း လျှောက်နိုင်ပါသည်။ Learn more

Free Summer Housing

Summer Break မှာ အဆောင်မှာ Free နေနိုင်သည့် အခွင့်အရေးလည်း ရှိသေး၏။ လျှောက်ထားနိုင်သော သတ်မှတ်ချက်မှာ summer semester တွင် အနည်းဆုံး 6 credits ယူရမည်ဖြစ်ပြီး GPA လည်း အနည်းဆုံး 2.0 ရှိရပါမည်။ လျှောက်ထားပါက Summer Housing Application Fee $50 ပေးရမည်ဖြစ်ပြီး၊ နေရာ အကန့်အသတ်ရှိသောကြောင့် ဦးရာလူစနစ်ဖြစ်ပါသည်။ Learn more

ASU မှပေးသော Scholarship အမျိုးမျိုး‌အကြောင်း အပြည့်အစုံကို  ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။