ASU မှာ Scholarship လျှောက်လို့ရလား???
ASU မှာ မြန်မာကျောင်းသားတွေအတွက် In-State Tuition Fees (International Student Tuition Fees ရဲ့ ၄၀% ပဲပေးရမှာဖြစ်တယ်) နဲ့ တက်ခွင့်ရမယ့်အပြင် Scholarship အခွင့်အရေးများစွာရှိပါတယ်။🎉🥳🥰 ASU ရဲ့ Website မှာလည်း ဖော်ပြထားပါတယ်။ အောက်က Link မှာ ဝင်ကြည့်ရင် ASU မှာပေးတဲ့ Scholarship အမျိုးမျိုး‌အကြောင်း တွေ့ရပါမယ်။
Scholarships (angelo.edu)
ဘာ Scholarship တွေရှိလဲ???
ASU မှာပေးတဲ့ Scholarship တွေကို အဓိက ၂ ပိုင်း ခွဲထားပါတယ်။ ပထမတစ်ခုက ကျောင်းမတက်ခင်ကထဲက ကြိုတင်လျှောက်လို့ရတဲ့ Scholarship ဖြစ်ပြီး နောက်တစ်ခုက ကျောင်းသားဖြစ်ပြီးကာမှ လျှောက်လို့ရတဲ့ Scholarship တွေပဲ ဖြစ်ပါတယ်။
ပထမတစ်ခုကိုCarr Scholarships (angelo.edu) လို့ခေါ်ပြီး အောက်မှာ link ပေးထားပါတယ်။
Carr Scholarships ကို ASU မှာ မတက်သေးခင်ကထဲက လျှောက်လို့ရပေမယ့် ASU မှာ Admission ရပြီးသားတော့ ဖြစ်ရပါမယ်။ ဆိုလိုတာက ASU လျှောက်တဲ့အခါ Carr Scholarship ကို တခါထဲ လျှောက်ရမှာဖြစ်ပြီး Carr Scholarship လက်ခံစဉ်းစားမယ့်ကာလ မတိုင်ခင် ဧပြီလ ၁ ရက်နေ့ကထဲက မိမိလျှောက်လွှာကို လက်ခံစဉ်းစားပြီး ကျောင်းကမိမိကို လက်ခံပြီးသား ဖြစ်နေရပါမယ်။ အဲဒါကြောင့် Carr Scholarship လျှောက်မယ့်သူဟာ လျှောက်ဖို့လိုအပ်ချက်တွေအပြည့်အစုံကို ဧပြီလ မရောက်ခင်ကထဲက တင်ပြီးသားဖြစ်နေရပါမယ်။ Admission Process က ၃ ပတ်လောက်လို‌တာကြောင့် မတ်လ ပထမပတ်ကထဲက လျှောက်လွှာတင်ပြီးသားဖြစ်ရပါမယ်။
Scholarship က ဘယ်လောက်ရမှာလဲ???
Carr Scholarship က မိမိရဲ့ ပညာရည်ပြည့်ဝမှု‌ပေါ်မှာ စဉ်းစားတာကြောင့် International Students တွေအနေနဲ့ SAT/ACT အမှတ်ပါမှ လျှောက်လို့ရပါမယ်။ SAT/ACT အမှတ်ပေါ်မှာ မူတည်ပြီး ကိုယ်ရတဲ့ Scholarship ငွေပမာဏလည်း မတူပါဘူး။ ပြီးတော့ကိုယ်လျှောက်တဲ့အချိန်မှာ Scholarship လျှောက်တဲ့ကျောင်းသားအရေအတွက်၊ Fund ရရှိမှုအနေအထားတွေပေါ်မူတည်ပြီးလည်း scholarship amount ကွာသွားနိုင်ပါတယ်။ SAT/ACT Score အပြင် မိမိတက်တဲ့ကျောင်းကနေ High School GPA လည်း မဖြစ်မနေတင်ပြဖို့ လိုပါတယ်။
• For ACT tests, we review the composite score.
• For SAT tests, we review the math and evidence-based reading/writing score.
• High school GPA’s are calculated on a 4.0 scale.
*GPA always required, no matter what level you qualify for.
တနှစ်ကို ဒေါ်လာ ၂၀၀၀ ကနေ ၁၂၀၀၀ အထိ ရနိုင်ပါတယ်။ အောက်ကပုံမှာ နမူနာကြည့်နိုင်ပါတယ်။
Carr Freshman Scholarship ရတဲ့အပြင် အခြား Scholarship တွေလည်း ထပ်ရနိုင်ပါသေးတယ်။ အဲဒါတွေကတော့ ကျောင်းသားဖြစ်နေကာမှ လျှောက်လို့ရတဲ့ ဒုတိယအမျိုးအစားထဲမှာ အကျုံးဝင်ပါတယ်။
အဲဒါတွေကို အောက်မှာ Link ပေးထားပါတယ်။
General Scholarship တွေထဲမှာ အဓိက Scholarship အမျိုးအစား ၄ မျိုးထပ်ခွဲခြားနိုင်ပါတယ်။
Degree-Specific Scholarships
မိမိယူတဲ့ ဘာသာရပ်အလိုက် ပေးတဲ့ Scholarship တွေပဲဖြစ်ပါတယ်။ Scholarship အမျိုး ၂၅၀ ကျော်ရှိပါတယ်။
General ASU Scholarships
ဒီဟာကတော့ ဘာသာရပ်တစ်ခုခုနဲ့မှ မတွဲဖက်ရသေးတဲ့ကျောင်း‌သားတွေ လျှောက်လို့ရတဲ့ Scholarship တွေပဲဖြစ်ပါတယ်။ ဒီ Scholarship မျိုး ၃၅၀ ကျော် ရှိပါတယ်။
Special University Scholarships
ဒီ Scholarship တွေကတော့ ကျောင်းသားခေါင်းဆောင်တွေ၊ ကျောင်းမှာရှိတဲ့အသင်းအဖွဲ့တွေမှာ ပါဝင်ဦးဆောင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် ပေးတဲ့ Scholarship တွေပါ။
Organizational Scholarships
ဒီ Scholarship တွေကတော့ ပြင်ပအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုနဲ့ပေးတာပါ။ သူတို့ရဲ့ သီးသန့်လျှောက်လွှာ၊ လိုအပ်ချက်၊ နောက်ဆုံးသပ်မှတ်ရက်တွေမှာ လျှောက်ရတာဖြစ်ပါတယ်။ ASU ကျောင်းသားဖြစ်မှ လျှောက်လို့ရသလို ASU ရဲ့ စံနှုန်းတွေလည်းပြည့်မှီဖို့ လိုတာပါပဲ။
အချို့ကလည်း Part Time Jobs အချိန်ပိုင်းအလုပ်အကြောင်း မေးကြတယ်။ ‌‌
အချိန်ပိုင်းအလုပ်လုပ်လို့ရလား???
အောက်က link ကတော့ အချိန်ပိုင်းလုပ်ရင်း မိမိနေစရိတ်စားစရိတ်ကာမိချင်တဲ့သူတွေအတွက် အချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့အကြောင်းပါ။ အချိန်ပိုင်းလုပ်နိုင်တဲ့ နာရီက ပြည်နယ်အစိုးရက သပ်မှတ်တာကြောင့် အပြောင်းအလဲရှိနိုင်ပါတယ်။ တစ်ပတ်ကို နာရီ ၂၀ ကနေ နာရီ ၄၀ အထိ အလုပ်လုပ်ခွင့် ရှိပါတယ်။ ကျောင်းထဲမှာလုပ်လို့ရသလို ကျောင်းပြင်ထွက်ပြီး လုပ်လို့ရတာမျိုးလည်း ရှိပါတယ်။ မိဘရဲ့ ခွင့်ပြုချက်၊ ငွေကြေးအခြေအနေပေါ်မူတည်ပြီး အပြင်မှာ ထွက်လုပ်ခွင့်တောင်းယူရပါတယ်
Work Study (angelo.edu)
ဘယ်လိုအလုပ်မျိုးတွေရှိလဲ???
ဒါကတော့ ကျောင်းထဲမှာလုပ်လို့ရတဲ့ လစ်လပ်နေတဲ့ အလုပ်တွေ ကြေငြာထားတာကို နမူနာအဖြစ်ဝင်လေ့လာနိုင်ဖို့ link ပေးတာပါ။
On-Campus Jobs (angelo.edu)
မိမိတတ်တဲ့ ဘယ်ပညာရပ်မဆို တန်ဖိုးရှိပါတယ်။ အတတ်ပညာပါမှ လုပ်လို့ရတဲ့ အလုပ်တွေက လခပိုများတာ တွေ့နိုင်ပါတယ်။
ကဲ…. ASU မှာ ရနိုင်တဲ့ Scholarship တွေအပြင်Part time အလုပ်လုပ်နိုင်တဲ့အကြောင်းလေးတွေ ပိုသိချင်ရင်တော့ ASU website ထဲမှာ ထဲထဲဝင်ဝင် ဝင်ရောက်လေ့လာလိုက်ပါနော်။
ပိုမိုအသေးစိတ်သိချင်ရင်တော့ ASU MYANMAR ကိုသာ ဆက်သွယ်လိုက်ပါနော်။
☎️ ဖုန်းနံပတ်တွေကတော့….
09940880027, 09940880028, 09940880029, 09940880037
ရုံးဖွင့်ချိန်လည်း ရုံးမှာ လာစုံစမ်းလို့ရတယ်နော်…
🏫လိပ်စာက… အမှတ် ၃၀၊ သာယာအေး (၁) လမ်း၊ တောင်သူကုန်း၊ အင်းစိန်၊ ရန်ကုန်။