US မှာ‌ကျောင်းတက်ဖို့ စဉ်းစားနေသလား ဒါလေးဖတ်ကြည့်ပါ…

US မှာ‌ကျောင်းတက်ဖို့ စဉ်းစားနေသလား

အမေရိကန်နိုင်ငံက ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကြီးတစ်ခုခုမှာ ကျောင်းတက်ဖို့က ငယ်ရွယ်သူလူငယ်များရဲ့ အိမ်မက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ဒီအိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ကတော့ သိပ်မလွယ်လှပါဘူး။ ကျောင်းဝင်ခွင့်ရဖို့ခက်သလို ကုန်ကျစားရိတ်လည်းကြီးပါတယ်။ ကျောင်းလခတင်မကပါဘူး။ တက္ကသိုလ်တည်ရှိနေတဲ့ ပြည်နယ်ပေါ်မှာ မူတည်ပြီး နေစရိတ် စားစရိတ်ကလည်း ကွာပါတယ်။
Angelo State University (ASU) ကတော့ အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး တက္ကသိုလ်အဆင့်ရဲ့ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းထဲမှာ ပါဝင်ပြီး နှစ် ၁၀၀ နီးပါးသက်တမ်းရှိတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပေမည့် မြန်မာပြည်ကတက္ကသိုလ်ကျောင်းသားတွေအတွက် ကုန်ကျစရိတ်သက်သာမည့် အထူးအခွင့်အရေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံအပါအဝင် ၆ နိုင်ငံပဲ အကျုံးဝင်တဲ့ ASU ရဲ့ Global Preparation Program ရှိတာ​ကြောင့် ဖြစ်ပါတယ်။
Global Preparation Program ဆိုတာဘာလဲ။
Global Preparation Program မှာ မြန်မာနိုင်ငံပါဝင်တာ​ကြောင့် မြန်မာကျောင်းသားကျောင်းသူများ ASU Myanmar/YBM (Korea) ကနေ တစ်ဆင့်လျှောက်မယ်ဆိုရင် International Student Tuition Fees ပေးစရာမလိုပဲ In-State Tuition Fees နဲ့ ကျောင်းဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် International Student Tuition Fees ထက် ၆၀ ရာခိုင်နှုန်း သက်သာသွားပြီး ၄၀ ရာခိုင်နှုန်းပဲ ကုန်ကျတော့မှာ ဖြစ်ပါတယ်။ တက္ကသိုလ်ကြီးကလည်း တက္ကဆက်ပြည်နယ် (Taxes State) ဆန်အန်ဂျလိုမြို့မှာ တည်ရှိတာဖြစ်လို့ နေစရိတ်၊ စားစရိတ်ကလည်း အခြားတက္ကသိုလ်တွေထက် သက်သာပါတယ်။
Scholarship ​ရောရှိလား။ ​လျှောက်လို့ရလား။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ SAT တို့ ACT တို့ရဲ့ အမှတ်တွေရှိပြီး ကောင်းလို့ရှိရင် ပညာသင်ဆု (Scholarship) တွေ လျှောက်လို့ရပါသေးတယ်။ အမှတ်ပေါ်မှာ မူတည်ပြီး တနှစ်ကို ဒေါ်လာ ၂၀၀၀ ကနေ ဒေါ်လာ ၁၂,၀၀၀ အထိ ရနိုင်ပါတယ်နော်။ SAT/ACT အမှတ်မရှိလို့ Scholarship မရခဲ့ရင်လည်းစိတ်မပျက်ပါနဲ့ဦး။ နောက်နှစ်တွေမှာ အမှတ်ကောင်းရင် အခြား Scholarship တွေ ရနိုင်တဲ့အခွင့်အရေး ရှိပါသေးတယ်။ စာကြိုးစားလိုက်ရရင် ရနိုင်ပါတယ်။
Part Time အလုပ်​ရော လုပ်လို့ရလား။
ဒါ့အပြင် 1st Semester တက်ပြီးရင် အချိန်ပိုင်းအလုပ်လုပ်ခွင့်လည်း ရှိသေးတဲ့အတွက် နေစရိတ်၊ စားစရိတ်ကာမိအောင် အလုပ်လုပ်ချင်ရင်လည်း လုပ်လို့ရပါသေးတယ်။ တစ်ပတ်ကို နာရီ ၂၀ က​နေ နာရီ ၄၀ အထိ အလုပ်လုပ်ခွင့် ရှိပါတယ်။ အတန်းပုံမှန်အောင်ဖို့၊ အမှတ်ကောင်းဖို့တော့ လိုတာပေါ့နော်။
ဆယ်တန်း​အောင်​ရော လက်ခံလား။
နောက်ထပ် အထူးအခွင့်အရေး တစ်ခုကတော့ ASU Myanmar နဲ့ YBM (Korea) တို့ညှိနှိုင်းမှုကြောင့် မြန်မာပြည်ရဲ့ တက္ကသိုလ်ဝင်တန်း (အရင်အခေါ် ဆယ်တန်း) အောင်ကို ASU က အသိအမှတ်ပြုပြီး Foundation တွေ Pre-University တွေ တက်စရာမလိုပဲ တက္ကသိုလ်ပထမနှစ်ကို တန်းတက်ခွင့် ရမှာ ဖြစ်ပါတယ်။
ကျောင်းပြီးရင်​ကော အလုပ်ဆက်လုပ်လို့ရလား။
တက္ကသိုလ်ဘွဲ့ရလို့ ကျောင်းပြီးသွားရင်လည်း မိမိလေ့လာသင်ယူတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အလုပ်ခွင်မှာ အလုပ်သင်အဖြစ် တနှစ်အလုပ်လုပ်ခွင့် ရှိပါသေးတယ်။ Science, Technology, Engineering & Mathematics (STEM) နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို ပြီးမြှောက်အောင်မြင်ခဲ့သူဖြစ်ရင်တော့ 2 Years အထိ Internship ဆင်းရင်းအလုပ်လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။
ဗီဇာ​လျှောက်လို့မရ​သေးရင် ဘယ်လိုလုပ်ရမလဲ။
အခုလောလောဆယ်တော့ မြန်မာပြည်ရဲ့ အခြေအနေအရပ်ရပ်ကြောင့် ဗီဇာလျှောက်လို့မရလို့ ASU On campus မှာ သွားတက်ခွင့် မရနိုင်သေးပဲ ဒီကနေပဲ Online နဲ့ လှမ်းတက်ရမှာ ဖြစ်ပါတယ်။ ဒါကလည်း In-State Tuition Fees နဲ့ပဲ တက်ရမှာဖြစ်ပြီး Online fees တော့ အနည်းငယ်ကုန်ကျမှာ ဖြစ်ပါတယ်။ ကောင်းတာတစ်ခုကတော့ မိမိအိမ်ကနေ တက်လို့ရလို့ နေစရိတ်၊ စားစရိတ်၊ အာမခံကြေးတို့ကတော့ သက်သာသွားမှာ ဖြစ်ပါတယ်။ ဘယ်တော့ ဗီဇာလျှောက်လို့ရမယ်မှန်း မသိနိုင်တဲ့အတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချချင်ရင်တော့ အခုလို online နဲ့ တက်ထားတာတော့ ကောင်းပါတယ်။ ကုန်ကျစရိတ်လည်း ပိုသက်သာတယ်လေ။
ကဲ…. ဘာစဉ်းစားနေသေးလဲ။ အခုပဲ ASU Myanmar ကို ဆက်သွယ်လိုက်တော့‌နော်။
Global Preparation Program အကြောင်း သိချင်ရင်တော့ အောက်က Link မှာ ရေးထားပါတယ်။
ASU ရဲ့ website မှာလည်း Global Preparation Program အကြောင်းဖော်ပြထားပြီး ASU Myanmar ရဲ့ website link ကိုလည်း ပေးထားပါတယ်။
ဘာစာရွက်စာတမ်းတွေလိုတယ်၊ ဘယ်လိုလျှောက်ရတယ်ဆိုတာ သိချင်ရင်တော့ အောက်က Post ကို ဝင်ဖတ်ကြည့်ပါ။
ဘာ မေဂျာတွေ လျှောက်လို့ရတယ်ဆိုတာ သိချင်ရင်တော့ အောက်က ASU Website link ကိုဝင်ဖတ်ကြည့်ပါ။
Scholarship ပါ လျှောက်ချင်လို့ ဘာလိုအပ်သလဲဆိုတာ သိချင်ရင်တော့ ဒီအောက်က Post တွေမှာ ရေးထားပါတယ်။
ရုံးလိပ်စာ
အမှတ် ၃၈၊ သာယာအေး (၁) လမ်း၊
တောင်သူကုန်း၊ အင်းစိန်၊ ရန်ကုန်။
ဖုန်း။ ၀၉၉၄၀၈၈၀၀၃၇၊ ၀၉၉၄၀၈၈၀၀၂၇၊၀၉၉၄၀၈၈၀၀၂၈၊ ၀၉၉၄၀၈၈၀၀၂၉