Freshman Program Benefits

ASU Global Program

Angelo State University သည် အာရှနိုင်ငံများဖြစ်သော ကိုရီးယား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ တရုတ်၊ မြန်မာ နှင့် ဗီယက်နမ် တို့ရှိ စိတ်ချယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးထားရှိပြီး ထိုနိုင်ငံမှ ကျောင်းသားများအနေဖြင့် ASU Global Program တွင် ပါဝင်ကာ ပုံမှန် နိုင်ငံတကာကျောင်းသားများ၏ ကုန်ကျစရိတ်များထက် အထူးသက်သာသော အခွင့်အရေးများဖြင့် ASU တွင် ကျောင်းတက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသော program ဖြစ်ပါသည်။ ASU Myanmar သည် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ASU Global Program တွင် 2020 ခုနှစ်မှစတင်ကာ ပါဝင်ခွင့် ရရှိခဲ့ပါသည်။

Freshman များအတွက် အကျိုးကျေးဇူးများ

ကျောင်းလခ သက်သာခြင်း

အမေရိကန်နိုင်ငံ၏ အကောင်းဆုံးကျောင်းများအနက်မှ ကျောင်းတစ်ကျောင်းဖြစ်သော Angelo State University (ASU) တွင် ပညာသင်ကြားမည့် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည် ASU-Myanmar မှတဆင့် Global Preparation Program သို့ လျှောက်ထားပါက နိုင်ငံတကာကျောင်းလခနှုန်းထားဖြင့် ပေးဆောင်စရာမလိုဘဲ ပြည်နယ်တွင်းကျောင်းလခနှုန်းထားဖြင့်သာ ပေးဆောင်ရမည်ဖြစ်သည်။ တစ်နှစ်လျှင် မူလပုံမှန်ပေးဆောင်ရမည့် ကျောင်းလခ အမေရိကန်ဒေါ်လာ 21,550 ကုန်ကျမည့်အစား In-state tuition fees ဖြစ်သော အမေရိကန်ဒေါ်လာ 9310 ( Based on 30 credit hours ) သာ ကုန်ကျမည် ဖြစ်ပါသည်။ ထို့အပြင် အဆိုပါအခွင့်အရေးသည် ပညာသင်နှစ်တစ်နှစ်တည်းအတွက်သာ မဟုတ်ဘဲ ကျောင်းပြီးသည်အထိ ခံစားခွင့်ရရှိမှာဖြစ်သောကြောင့် တစ်နှစ်လျှင် ကျောင်းလခ ဒေါ်လာ ၁၄,၀၀၀ ခန့်သက်သာသွားမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း ၄ နှစ်တာအတွက် အမေရိကန်ဒေါ်လာငွေ ၅၆,၀၀၀ သက်သာစေမည်ဖြစ်ပါသည်။

ပညာသင်ဆုများ လျှောက်ထားနိုင်ခြင်း

ASU ၏ Global Partnership Program တွင် ပါဝင်ကျောင်းသူကျောင်းသားများသည် In-state tuition fees ဖြင့်သာ ကျောင်းလခ ပေးသွင်းရန်လိုသည့်အပြင်  SAT / ACT အမှတ်ကောင်းသောသူများသည် ASU Distinguished Scholarship ကို US$- 1500 မှ US$- 10000 အထိ နှစ်စဉ် (၄ နှစ်တာ) Scholarship ပညာသင်ဆုများလည်း လျှောက်ထားရရှိနိုင်ဦးမည် ဖြစ်ပါသည်။  Scholarship level မှာ SAT / ACT အမှတ်အပေါ် အခြေခံပြီး ပေးသောကြောင့် အမှတ်များ၍ level မြင့်လေ ရရှိမည့် ပမာဏ များလေ ဖြစ်ပါသည်။ level အလိုက် သတ်မှတ်ထားသည့် GPA အမှတ်ကို ထိန်းထားနိုင်မည်ဆိုလျှင် နှစ်စဉ်ရရှိမှာဖြစ်သည်။ ထို့အပြင် ASU Honors Program တွင် ပါဝင်ခွင့်ရသော ကျောင်းသားများသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ 3000 ထပ်ဆောင်း ရရှိနိုင်စေမှာဖြစ်ပါသည်။ ထို့ကြောင့် လေးနှစ်အတွင်း Scholarship အများဆုံး $52,000 အထိ ရရှိနိုင်ပါသည်။

 

မြန်မာကျောင်းသားများအတွက် အထူးအခွင့်အရေး

ASU Myanmar နှင့် YBM (Korea) တို့၏ ညှိနှိုင်းမှုကြောင့် မြန်မာကျောင်းသားများအတွက် အထူးအခွင့်အရေး အနေဖြင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း ဆယ်တန်း) အောင်ကို ASU က အသိအမှတ်ပြုပြီး Foundation သို့မဟုတ် Pre-University တက်စရာမလိုဘဲ တက္ကသိုလ်ပထမနှစ်ကို တန်းတက်ခွင့် ရပါမည်။ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်၊ ၁၀ တန်းအမှတ်စာရင်း၊ ၉ တန်းအမှတ်စာရင်း တင်ပြရပါမည်။