Credit System

USA တွင် ကျောင်းတက်ရန် ရည်ရွယ်ထားပါက USA ၏ ပညာရေးစနစ်ကို သိထားရန် လိုပါသည်။

USA တက္ကသိုလ်ကောလိပ်များတွင် သင်ယူပြီးမြောက်ရမည့် သတ်မှတ်ချက်မှာ Credit System ဖြင့် ဖြစ်ပြီး မြန်မာပြည်နှင့် အချို့နိုင်ငံများတွင်ကဲ့သို့ တက္ကသိုလ်တစ်တန်းကို ပြက္ခဒိန်တစ်နှစ်ဖြင့် ဘွဲ့တစ်ခုရယူရန် ပညာသင်နှစ် 4 နှစ်၊ 5 နှစ်၊ 6 နှစ် စသည်ဖြင့် သတ်မှတ်ထားခြင်းမျိုးမဟုတ်ပါ။ USA တွင် ဘွဲ့တစ်ခု ရယူရန် မိမိရွေးချယ်လိုက်သော ဘာသာရပ်ပေါ်တွင် မူတည်ပြီး စုစုပေါင်း Credit 120 မှ 130 ခန့်အထိ ယူရတတ်ပါသည်။ တက္ကသိုလ်မှ သတ်မှတ်ထားသော ထို Credits အားလုံးပြီးမှ ဘွဲ့ရပါသည်။ တက္ကသိုလ်တက်လျှင် ပျမ်းမျှအားဖြင့် တနှစ်လျှင် 30 Credits ခန့်ယူပါက 4 နှစ်အတွင်း ဘွဲ့ရနိုင်ပါသည်။ ထို Credit လိုအပ်ချက်များ ပြီးမြောက်ရန် ကျောင်းသားတစ်ယောက်သည် တစ်နှစ်တွင် 30 Credits ယူနိုင်သကဲ့သို့၊ မိမိစာလိုက်နိုင်လျှင် နိုင်သလို 40 Credits, 50 Credits လည်း ယူနိုင်ပါသည်။ ထိုသို့ ယူပါက 3 နှစ်နှင့်လည်း ဘွဲ့ရသွားနိုင်ပါသည်။ သို့မဟုတ် တစ်နှစ်တွင် 20 Credits ခန့်သာ ယူနိုင်လျှင်လည်း လက်ခံပါသည်။ သို့ဆိုလျှင်တော့ ကျောင်းသားသက်တမ်း တာရှည်နိုင်ပါသည်။ ထို့ကြောင့် တစ်နှစ်တွင် မည်မျှကုန်ကျမည်နည်း ဆိုသည်မှာ တစ်နှစ်မှာ ထိုကျောင်းသား Credit ယူသည့် ပမာဏအပေါ် မူတည်ပါသည်။

ပြက္ခဒိန် 1 နှစ်တွင် Semester 2 ခု ရှိပြီး Semester တိုင်းတွင် Courses ဘာသာရပ်များ သင်ယူရမည်။ ဘာသာရပ်တစ်ခုမှာ တစ်ပတ်တွင် နာရီမည်မျှ သင်သည့်အပေါ်မှာ မူတည်ပြီး ထိုဘာသာရပ်မှာ Credit မည်မျှဖြင့် ညီမျှသည်ဟု သတ်မှတ်ပါသည်။ အများအားဖြင့် တစ်ဘာသာကို Semester တစ်ခုအတွက် 3 Credits သတ်မှတ်သည်။ Practical ပါသော ဘာသာရပ်များမှာ 4 Credits ရတတ်ပြီး စာသင်ချိန်နည်းလျှင် 1 Credit သို့ 2 Credits သာ ရတတ်ပါသည်။ Semester တစ်ခုတွင် 5 ဘာသာယူပါက ပျမ်းမျှ 3 Credits ဖြင့်မြှောက်လျှင် 15 Credits ဖြစ်သည်။ 2 Semesters အတွက် 30 Credits ဖြစ်သည်။ စာလိုက်နိုင်လျှင် Credit ပိုယူနိုင်ပါသည်။

ကျောင်းသားတစ်ယောက်သည် Semester တစ်ခုတွင် 6 ဘာသာ ယူသည် ဆိုပါစို့။ တစ်ဘာသာသည် 2 Credits, 4 ဘာသာမှာ 3 Credits စီဖြစ်ပြီး နောက်ဆုံး တစ်ဘာသာက 4 Credits ဖြစ်သည့်အခါ စုစုပေါင်း 18 Credits ဖြစ်ပေသည်။ နောက် Semester တစ်ခုတွင်လည်း အလားတူ ယူခဲ့ပါက နောက်ထပ် 18 Credits ဖြစ်ပါလိမ့်မည်။ ထိုအနေအထားတွင် ထိုနှစ်အတွက် ကျောင်းသားယူခဲ့သော Credits ပေါင်းမှာ 36 Credits ဖြစ်ပြီး 1 Credit အတွက် ကျသင့်သည့် ပမာဏပေါ်မှာ မူတည်ပြီး 36 နဲ့ မြှောက်လိုက်ပါက ထိုနှစ်အတွက် Tuition Fees မည်မျှကျမည်ကို သိနိုင်ပါသည်။

ASU တွင် International Students များမှာ တစ်နှစ်ကို 30 Credits ယူလျှင် Tuition & Fees 21,550 ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ Global Preparation Program မှ 60 ရာခိုင်နှုန်းခန့် လျှော့ပေးသောကြောင့် တစ်နှစ်လျှင် 9310 ဒေါ်လာသာ ကျသင့်ပါတော့သည်။ တစ်နှစ်အတွက် ဒေါ်လာ 12,000 ကျော်သက်သာပြီး ကျောင်းပြီးသည်အထိဆိုလျှင် ဒေါ်လာ 50,000 နီးပါး သက်သာသွားမည် ဖြစ်ပါသည်။ အခြား Scholarship များ ရရှိပါက ယင်းထက်ပင် ပို၍ သက်သာသွားမည် ဖြစ်သည်။