Introduction of ASU Global Program- Myanmar

ASU Global Program Myanmar

တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျောင်းသားများနည်းတူ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည်လည်း နိုင်ငံတကာကျောင်းသားများကဲ့သို့ ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ ပြည်နယ်အတွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနှင့် အမေရိကန်နိုင်ငံ၏ အကောင်းဆုံးကျောင်းများအနက်မှ ကျောင်းတစ်ကျောင်းဖြစ်သော Algelo State University (ASU) တွင် တက်ရောက်ခွင့်ရရှိမည့် Program တစ်ခုဖြစ်ပါသည်။

Envision The Nation (ETN) သည် အမေရိကန်နိုင်ငံ၏ အကောင်းဆုံးကျောင်းများအနက်မှ ကျောင်းတစ်ကျောင်းဖြစ်သော Algelo State University (ASU) တွင်  YBM/ASU Global Program မှတဆင့်  မြန်မာပြည်မှ ကျောင်းသူကျောင်းသားများကို ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) ဖြင့်တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်စေရေးအတွက် နားလည်မှုစာချွန်လွှာကို ETN နှင့် YBM/ASU တို့ လက်မှတ်ရေးထိုးထားပြီးသော မြန်မာပြည်၏ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပါသည်။

ပြည်နယ်အတွင်းကျောင်းသားများနည်းတူ (In-state tuition fees) နဲ့တက်ရောက်ခွင့်ရရှိမည့် Program တစ်ခုဖြစ်သည်သာမက အခြားသော ပညာသင်ထောက်ပံ့ကြေးများပါ လျှောက်ထားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။