ASU ကနေ ဘွဲ့ရပြီးရင် အမေရိကန်နိုင်ငံမှာ အလုပ်ဆက်လုပ်ခွင့်ရှိလား မေးလာသူများအတွက် ဖြေပေးလိုက်ပါတယ်။
နိုင်ငံတကာကျောင်းသားများ အမေရိကန်နိုင်ငံရဲ့ တက္ကသိုလ်၊ ကောလိပ် တစ်ခုခုမှာ ကျောင်းတက်ရင်းအလုပ်လုပ်လို့ရသလို ကျောင်းပြီးရင်လည်း အလုပ်လုပ်လို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။
နိုင်ငံတကာကျောင်းသားအများစု ကတော့ ဘွဲ့ရပြီးရင် Optional Practical Training လို့ခေါ်တဲ့ လုပ်ငန်းခွင် လက်တွေ့ဆင်းခြင်း (OPT) ကိုတွေ့ကြုံခံစားဖို့အခွင့်အလမ်းရရှိပါတယ်။ Optional ဆိုတော့ ရွေးချယ်ခွင့် ရှိတာပေါ့။ လုပ်ငန်းခွင်လက်တွေ့ဆင်းခြင်း ဆိုတာဟာ F-1 visa နဲ့ ကျောင်းသားများတက်ခဲ့တဲ့ အဓိကလေ့လာမှုနယ်ပယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အလုပ်မှာ လက်တွေ့ဆင်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ Mechanical Engineering Major တက်ခဲ့ရင် Mechanical Engineering နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်မှာ အလုပ်ဝင်လုပ်တာမျိုးပေါ့။
အရည်အချင်းပြည့်မီတဲ့ကျောင်းသားများအတွက်ကျောင်းမပြီးခင် ဒါမှမဟုတ်ရင်ကျောင်းပြီးတဲ့နောက် မှာ (OPT အလုပ်အကိုင်ခွင့်ပြုချက်) ၁၂ လအထိရရှိဖို့လျှောက်ထားနိုင်ပါတယ်။ အကယ်၍ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့်သင်္ချာ (Science, Technology, Engineering & Mathematics) နယ်ပယ်များမှဘွဲ့တစ်ခုခုရရင်တော့ OPT ကို ၂၄ လ အထိသက်တမ်းတိုးပြီးလျှောက်ထားနိုင်ပါတယ်။
အမေရိကန်နိုင်ငံမှာဘွဲ့ဒီဂရီပရိုဂရမ်တစ်ခုမှာတက်နေတာပဲဖြစ်ဖြစ်၊ တက်ရောက် ပြီးမြောက်သွားတာပဲဖြစ်ဖြစ် နိုင်ငံတကာကျောင်းသားများအတွက် မိမိလေ့လာခဲ့သောဘာသာရပ်အတွက်စာတွေ့ နဲ့ လက်တွေ့ တခါတည်း သင်ယူလို့ရတဲ့ အခွင့်အရေးဖြစ်လို့ ASU ကိုတက်ရောက်မည့်ကျောင်းသူ ကျောင်းသားများအတွက် ဝမ်းသာစရာ သတင်းကောင်းပဲနော်။
ကဲ.. ASU ကို စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဘဲ စုံစမ်းမေးမြန်းလိုက်ပါ။
ASU Myanmar (Envision The Nations)
အမှတ် ၃၈၊ သာယာအေး (၁)လမ်း၊
တောင်သူကုန်း၊ အင်းစိန်၊ ရန်ကုန်။
ဖုန်း။ 09940880027, 09940880028,
09940880029, 09940880037