Transfer Students

Transfer Students

ASU is accepting Transfer Students from Myanmar!

Angelo State University (ASU) ၌ Transfer Student အနေဖြင့် လျှောက်ထားပြီး Undergraduate Program တွင် တက်ရောက်နိုင်ပါသည်။

Transfer Student ဆိုသည်မှာ-

တက္ကသိုလ်တစ်ခုခုတွင် တက်လက်စကျောင်းသားတစ်ယောက်သည် နောက်တက္ကသိုလ်တခုခုကို Credit transfer လုပ်ပြီး ကျောင်း‌ပြောင်းတက်ခြင်းကို Transfer လုပ်သည်ဟု ခေါ်ဆိုပြီး ထိုသို့သော Transfer လုပ်သည့် ကျောင်းသားကို Transfer Student ဟု ခေါ်သည်။

Transfer လုပ်ကြခြင်း အကြောင်းရင်းများ-

တက္ကသိုလ်ပြောင်းတက်ကြခြင်းအကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်။ အဓိကအ‌ကြောင်းရင်းများမှာ လက်ရှိတက်နေသောတက္ကသိုလ်တွင် မပျော်ရွှင်ခြင်း၊ ကျောင်းဆက်တက်ရန် အခြေအနေမပေးတော့ခြင်း၊ Major ပြောင်းတက်လိုခြင်း၊ ပြောင်းမည့်တက္ကသိုလ်သည် Ranking ပိုကောင်းခြင်း (သို့) ဈေးပိုသက်သာခြင်း၊ မိသားစုနေရပ်နှင့်နီးခြင်း စသည်ဖြင့် ဖြစ်တတ်ပါသည်။

Transfer လုပ်ခြင်း အကျိုးကျေးဇူးများ-

Ranking ပိုကောင်းသည့်တက္ကသိုလ်သို့ ပြောင်းတက်ပြီးနောက် ကျောင်းပြီးသည့်အခါ impression ပိုကောင်းနိုင်ပါသည်။ သို့သော် အလုပ်ကောင်းကောင်းရခြင်း မရခြင်းမှာ တစ်ဦးတစ်ယောက်ချင်းနှင့်လည်း သက်ဆိုင်ပါသည်။ အဓိကကျောင်းပြောင်းတက်ကြသည့် ရည်ရွယ်ချက်မှာ လက်ရှိတက်ထားပြီးသား Credit များကို နောက်ပြောင်းတက်မည့်တက္ကသိုလ်မှ လက်ခံလျှင် ၎င်းတို့သတ်မှတ်ထားသော Credits အပြည့် တက်စရာ မလိုသောကြောင့် တက္ကသိုလ်ပြောင်းသော်လည်း ယခင်မိမိတို့ကုန်ကျထားမှုများ မဆုံးရှုံးရဘဲ စရိတ်ကာမိသွားနိုင်ပါသည်။

မည်သူများ လျှောက်သင့်ပါသလဲ-

မိမိတက်ခဲ့ထားပြီးသား တက္ကသိုလ်အတန်းများ အလဟသမဖြစ်လိုလျှင် ASU ၌ ကျောင်းသားသစ်အဖြစ်မလျှောက်ဘဲ Transfer Student အဖြစ် လျှောက်နိုင်ပါသည်။ တက္ကသိုလ်တက်လက်စ ကျောင်းသားများ၊ Diploma သာရရှိပြီး ဘွဲ့မရသေးသောသူများ၊ ရထားသည့်ဘွဲ့အပြင် အခြားဘွဲ့တခုခု ထပ်လိုချင်သူများ Transfer လျှောက်ကြည့်သင့်ပါသည်။

ဘယ်လိုလျှောက်ရမလဲ-

ကျောင်းလျှောက်ရန် လိုအပ်ချက်များကို ဤနေရာတွင် ဖော်ပြထားပါသည်။

Transfer Student အဖြစ် ASU တွင် လျှောက်မည်ဆိုပါက ကျောင်းသားသစ်များအတွက် အဆိုပါ လိုအပ်ချက်များအပြင် Credit Evaluation လုပ်ရန်လည်း မဖြစ်မနေ လိုအပ်ပါသည်။

Credit Evaluation လုပ်ဆောင်ရန်-

Credit Evaluation လုပ်ရန်အတွက် ဦးစွာ မိမိတက်ထားသော၊ တက်နေသော တက္ကသိုလ်၊ ကောလိပ်မှ GPA Transcripts (Credit Hour Record ပါသည့် အမှတ်စာရင်း) ထုတ်ယူရပါမည်။ ယင်းမှာ မြန်မာဘာသာဖြင့် ဖော်ပြထားလျှင် အင်္ဂလိပ်ဘာသာဖြင့် Notary လုပ်ရပါမည်။ Notary လုပ်ပြီးနောက် ASU မှလက်ခံသော Education Evaluation Company တခုခုသို့ ပို့ပေးရပါမည်။ ကုန်ကျစရိတ် အနည်းငယ် ရှိပါမည်။

ဆက်သွယ်ရမည့် Evaluation Company ကို ASU-Myanmar မှ ပေးပါမည်။ ပို့သည့်အခါ Email (သို့) Post mail ဖြင့် ပို့နိုင်ပါသည်။ တချို့ ကုမ္ပဏီက Scanned လုပ်ထားသော Documents ကို လက်ခံပေးသော်လည်း တချို့ကမူ Hard copy ပို့ပေးမှ လက်ခံပါသည်။ Evaluation ရလဒ်ကို အမေရိကန် Angelo State University (ASU) သို့ တိုက်ရိုက်ပို့ခိုင်းရပါမည်။ မိမိလည်း copy တစ်စုံလိုချင်လျှင် fees အနည်းငယ် ပိုပေးပြီး တောင်းခံနိုင်ပါသည်။

ပုံမှန်အားဖြင့် အမေရိကန်စနစ်မှ ပြောင်းလာခြင်း မဟုတ်လျှင် Credit transfer မှာ ထက်ဝက်လောက်သာ ရတတ်ပါသည်။ ဥပမာ မိမိက HND (UK System) တက်‌နေပြီး 90 credits ရထားလျှင် credit transfer က 40 to 50 credits လောက်သာ ရတတ်ပါသည်။ သို့သော် မိမိတက်ထားသည့် ဘာသာရပ်နှင့် မိမိဆက်တက်ချင်သည့် ဘာသာရပ်တို့ ဆက်နွယ်မှုပေါ်မှာလည်း မူတည်ပါသည်။ မိမိက Civil Engineering တက်ထားပြီး နောက်တက္ကသိုလ်တွင် Civil Engineering ပဲ ဆက်တက်မယ်ဆိုရင် Credit transfer မည်မျှပင်ရရ ရသလောက်မှာ အကျုံးဝင်ပါသည်။ ယခင်က Civil Engineering တက်ပြီး နောက်တက္ကသိုလ်တွင် Mass Media (သို့) Medical ပြောင်းတက်မည်ဆိုလျှင်တော့ Credit transfer ရလဒ် နည်းသွားမှာ ဖြစ်သည်။

ASU-MYANMAR မှတစ်ဆင့်လျှောက်လျှင် ASU တွင် In-State Tuition Fees (ပုံမှန်ထက် 60% သက်သာ) ဖြင့် တက်ခွင့်ရမည့်အပြင် Transfer Student အဖြစ်လျှောက်ရင် နောက်ထပ် Credit transfer များပါ ထပ်ရနိုင်ပြီး ကျောင်းလခ ထပ်ပြီးသက်သာသွားရုံမျှမက ကျောင်းတက်ရမည့် ကာလလည်း တိုသွားမှာ ဖြစ်သည့်အတွက် နေစရိတ်၊ စားစရိတ်များပါ သက်သာသွားနိုင်သည့် အခွင့်အရေးဖြစ်ပါသည်။

ထို့အပြင် Transfer Students များအနေဖြင့် Scholarship လည်း လျှောက်နိုင်ပါသေးသည်။