အမေရိကန်နိုင်ငံမှာကုန်ကျစရိတ်သက်သက်သာသာနဲ့ကျောင်းတက်ဖို့အဆင်သင့်ပဲလား

ASU-Myanmar ကနေနိုင်ငံခြားသွားရောက်ပညာသင်ကြားလိုသူများအတွက် လိုအပ်သောအကူအညီများ ပေးအပ်နေပါပြီ . .
~~~~ဒီတခေါက်မှာတော့ မြန်မာပြည်က ဆယ်တန်းအောင်ကျောင်းသားတွေကို လက်ခံပေးမည့် Angelo State University အကြောင်းနဲ့ ကျောင်းဘယ်လိုလျှောက်ရမလဲဆိုတာပြောပြမယ်နော်~~~~
အန်ဂျလိုပြည်နယ်တက္ကသိုလ် ဟာ အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်တွေထဲက ထိပ်ဆုံး ၁၅% ထဲမှာပါတဲ့ အစိုးရတက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။
၁၉၂၈ ခုနှစ်ကထဲက တည်ထောင်ခဲ့တဲ့ အဲဒီတက္ကသိုလ်မှာ ကျောင်းသားပေါင်း ၁၀၀၀၀ ကျော် တက်ရောက်လျက်ရှိပြီး ကျောင်းသား၊ ဆရာ အချိုးက ၁၉:၁ ရှိပါတယ်။
စိတ်ဝင်စား ရွေးချယ်စရာ ဘာသာရပ်ပေါင်းလည်း မျိုးစုံရှိပါတယ်။
Global Preparation Program💡
👉တက္ကသိုလ်ရဲ့ ထူးခြားချက်တစ်ခုက မြန်မာပြည်က ကျောင်းသူကျောင်းသားတွေအတွက် အထူးအစီအစဥ်တစ်ခု ရှိနေတာပါပဲ။
👉အဲဒါကတော့ Global Preparation Program ဆိုတဲ့ အထူးအစီအစဥ်တစ်ခုပါ။ ASU-Myanmar က အဲဒီအထူးအစီအစဥ်အတွက် မြန်မာပြည်ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ပါနော်။
👉 အဲဒီအစီအစဥ်အရ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက ကျောင်းသားတွေအပါအဝင်မြန်မာပြည်က ကျောင်းသူကျောင်းသားတွေဟာ နိုင်ငံတကာကျောင်းသားတွေနဲ့ ပြည်နယ်ခြားကကျောင်းသားတွေလို ကျောင်းလခအများကြီး ပေးစရာမလိုပဲ ပြည်နယ်တွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနဲ့ တက်ခွင့်ရမည့်အပြင် အခြား ပညာသင်ထောက်ပံကြေးတွေပါ လျှောက်ခွင့်ရရှိနိုင်မှာ ဖြစ်ပါတယ်။
👉ပေးရတဲ့ ကျောင်းလခဟာလည်း မူလပုံမှန်ပေးရတဲ့ ကျောင်းလခထက် ၆၀% ထက်မနည်း သက်သာသွားတာ ဖြစ်ပြီး တစ်နှစ်ကို ကျောင်းလခ အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကျော် ကုန်မည့်အစား ဒေါ်လာ ၉၀၀၀ ကျော်ကျော်ပဲ (based on 30 credit hours) ကုန်ကျတော့မှာ ဖြစ်ပါတယ်။
👉ပြီးတော့ အဲဒီအခွင့်အရေးဟာ တစ်နှစ်ထဲရတာမဟုတ်ပဲ ကျောင်းပြီးသည်အထိ ရသွားမှာ ဖြစ်ပါတယ်။
💡Entry Requirements💡
👉မြန်မာပြည်တွင်းက International School တစ်ခုခုကဖြစ်စေ၊ အစိုးရကျောင်းကဖြစ်စေ အထက်တန်းအောင်ပြီးသူတိုင်း လျှောက်ထားလို့ ရပါတယ်။
👉အဓိက လိုအပ်ချက် ၂ ခုကတော့ အထက်တန်းအောင်မှတ်တွေရယ်၊ အင်္ဂလိပ်စာ စာမေးပွဲ (IELTS, TOEFL or Duolingo) တစ်ခုခုက အမှတ်ရယ် ပါဖို့ပါပဲ။
👉အဲဒီ ၂ ခု ရှိပြီဆိုရင် ASU-Myanmar ကို အရင်ဆုံး ပို့ပေးရပါမယ်။
👉ASU-Myanmar ကနေပြီးတော့ ပါတနာဖြစ်တဲ့ ကိုရီးယားနိုင်ငံက YBM ကို ပဏာမ စီစစ်ဖို့ ပို့ပေးပါမယ်။ပို့ပြီးလို့ YBM က လက်ခံပြီဆိုတာနဲ့ Application Processing ကို စပါမယ်။
ကဲ…. 😉အမေရိကန်နိုင်ငံ 🇺🇸 ရဲ့ အကောင်းဆုံးကျောင်းတွေထဲက ကျောင်းတစ်ကျောင်းဖြစ်တဲ့ Angelo State University (ASU) မှာ စိတ်ဝင်စားစရာ ဘာမေဂျာတွေ ရှိသလဲဆိုတာ အောက်က link ကနေတစ်ဆင့် ဝင်ကြည့်လိုက်ကြရအောင်လား👇👇
https://www.angelo.edu/…/global-preparation-program.php
နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကူအညီလိုတယ်ဆို သတင်းကောင်းတွေ ပန်းလိုမွှေးတဲ့ ASU-Myanmar ကို လာရောက်ဆက်သွယ်လိုက်တော့နော်….✅
Contact Us Now 👇🏻👇🏻
Office Phone – 09254088809
Office Address – No 38/ First Tharyaraye Street/ Insein
Page Chat Box တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။