အ​မေရိကန်နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်အဆင့် ၁၅ % ထဲမှာပါတဲ့ Angelo State University (ASU)

အ​မေရိကန်နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်အဆင့် ၁၅ % ထဲမှာပါတဲ့ Angelo State University (ASU) မှာ
၁။ ဆယ်တန်းအောင် (သို့) အခြား High School Equivalent အောင်လက်မှတ်နဲ့ လျှောက်လို့ရပါတယ်။ English Score ကတော့ Online ကနေဖြေလို့ရတဲ့ IELTS (Indicator) နဲ့ Duolingo အမှတ်တွေနဲ့ လက်ခံပေးပါတယ်။
၂။ မြန်မာပြည်က ကျောင်းသားတွေ ASU Myanmar/YBM-Korea ကနေတစ်ဆင့်လျှောက်ရင် In-State Tuition Fees နဲ့ တက်ခွင့်ရပါမယ်။ (International Tuition Fees ထက် ၆၀% သက်သာပါတယ်)။ ကျောင်းပြီးသည်အထိ In-State Tuition Fees နဲ့ တက်ရမှာနော်။
၃။ SAT/ACT အမှတ်တွေပါရင် Scholarship တနှစ်ကို ဒေါ်လာ ၁၂,၀၀၀ အထိ ရနိုင်ပါတယ်။ အမှတ်ကောင်းအောင်ထိမ်းထားနိုင်ရင် ကျောင်းပြီးသည်အထိ ရမှာပါ။ GPA 3.0 အောက် ကျသွားရင်တော့ Scholarship ပြုတ်သွားပါမယ်။
၄။ ပထမနှစ်မှာ အမှတ်ကောင်းကောင်းရရင် နောက်နှစ်တွေမှာ တစ်နှစ်ကို ဒေါ်လာ ၁၀၀၀ ကနေ ၂၀၀၀ အထိပေးတဲ့ Scholarship ​အော်တိုမက်တစ် ရနိုင်ပါတယ်။ နွေရာသီမှာ အဆောင်အလကားနေခွင့်တို့၊ ကျောင်းလခ Free တက်ခွင့်တို့လည်း ရနိုင်ပါတယ်။ အမှတ်ကောင်းမှ ရမှာနော်။
၅။ ကျောင်းဝင်းထဲက အဆောင်မှာ နေလို့ရပါတယ်။ ဈေးလည်းသက်သာပါတယ်။ လုံခြုံမှုလည်း အပြည့်ရှိပါတယ်။ နေစရိတ်၊ စားစရိတ်က အခြား State တွေထက်လည်း သက်သာပါတယ်။
၆။ ပထမ Semester မှာ အမှတ်ကောင်းရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ ကျောင်းဝင်းထဲမှာ လုပ်လို့ရသလို အပြင်ထွက်ပြီးလည်း လုပ်လို့ရပါတယ်။ ကျောင်းဝင်းထဲမှာတော့ လုပ်ခအများကြီးမရပေမယ့် ကျောင်းတစ်ဘက်နဲ့ လုပ်ရတော့ အပြင်ထွက်လုပ်တာထက် အချိန်ပိုရနိုင်ပါတယ်။ စာကို ဦးစားပေးဖို့တော့ လိုပါတယ်။
၇။ ကုန်ကျစရိတ်တွေကတော့ ကျောင်းလခ၊ နေစရိတ်၊ စားစရိတ်၊ စာအုပ်ဖိုးအပြင် Processing Fees၊ Application Fees၊ ဆေးစစ်ခ၊ လေယာဥ်ပြန်ခ၊ ဗွီဇာ​ကြေး၊ ကျောင်းသားအာမခံကြေး၊ စတာတွေ ကုန်ကျပါမယ်။
၈။ အခြား နိုင်ငံတကာ တက္ကသိုလ်များမှနေလည်း Transfer Student အနေနဲ့ လျှောက်လို့ရပါတယ်။ HND ရပြီး ASU မှာ တက်မယ်ဆိုရင်တော့ ASU က လက်ခံတဲ့ Education Evaluation Servise Providers တွေဆီကနေ စစ်ဆေးရလဒ်နဲ့အတူ ​လျှောက်ထားနိုင်ပါတယ်။
၉။ ဒီလာမည့် Spring Semester (January Intake) အတွက် နောက်ဆုံးလျှောက်ရမည့်ရက်က အောက်တိုဘာလ ၁၅ ရက်နေ့ပါ။ စောစောလျှောက်လေ ကောင်းလေပါပဲ။ ကြားထဲမှာ ၁၀ ရက်ပဲ ကျန်ပါတော့တယ်။
ပြီးခဲ့တဲ့ Fall Intake မှာတုံးက မြန်မာပြည်က ကျောင်းသား ၆ ယောက် ဝင်ခွင့်ရပြီး တက်နေပါပြီ။ လျှောက်မယ်ဆိုရင်တော့ ASU Myanmar ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။
ASU Myanmar Office:
Address: No. 38, Tharyaraye 1st Street, Taungthugone, Insein
Telephone: 09940880027, 28, 29, 37
Email: asumyanmar@gmail.com